Part-24 (ပထမပိုင်း)

Start from the beginning
                                    

Xiao Zhan တို့ကတော့ မကြာခင်တော်ရတော့မယ့်လင်တော်မောင်ရဲ့ လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ပေးထားကာ ကျန်နောက်လက်တစ်ဖက်နဲ့ Yibo ရဲ့ပုခုံးကိုနှိပ်ပေးနေပြီး Xiao Zhan သူတတ်နိုင်သလောက် Yibo စိတ်သက်သာရာရအောင်လုပ်ပေးနေတယ်

နာရီဝက်လောက်ကြာတဲ့ လမ်းခရီးက Yibo အတွက် ဆယ်မိနစ်လောက်ဘဲကြာသလိုလို… ဘာလို့လဲဆိုတော့ သူတစ်လမ်းလုံးဟိုတွေးဒီတွေးနဲ့ အတွေးတွေများနေခဲ့တာလေ

သူတို့တွေလည်းရောက်ရော Xiao Zhan ရဲ့အဖေကသူတို့ကိုထွက်ကြိုနေတယ် အားယွမ်လေးက သူ့ရဲ့ဖိုးဖိုးဆီကိုချက်ချင်းပြေးသွားတယ် Mr. Xiao ကအားယွမ်လေးနဲ့အလုပ်ရှုပ်နေတုန်း Xiao Zhan Yibo ကိုအကုန်လုံးအဆင်ပြေသွားမှာဆိုတဲ့ပုံစံမျိုးနဲ့ ခေါင်းငြိမ့်ပြတယ်

“အိမ်ထဲဝင်ကြရအောင် မြေးလေးရဲ့ဖွားဖွားက မြေးလေးအကြိုက်မုန့်တွေလုပ်နေတာ” အားယွမ်လေးကို Mr. Xiao ကပြောလိုက်ပြီးတော့ သူ Xiao Zhan နဲ့ Yibo ကိုလှည့်ကြည့်လိုက်တယ် Xiao Zhan ကသူ့အဖေနားကိုကပ်သွားလိုက်ပြီး “ပါး” လို့ခေါ်ပြီးဖက်လိုက်တယ်

“တွေ့ရတာဝမ်းသာပါတယ် Mr. Xiao ကျွန်တော်က Wang Yibo ပါ” Yibo 90° bow လုပ်ပြီး Xiao Zhan ရဲ့အဖေကိုနှုတ်ဆက်လိုက်တယ် သူကနှုတ်ဆက်လိုက်ပေမယ့် Xiao Zhan ရဲ့ဖားသားကြီးက သူ့ကိုစိုက်သာစိုက်ကြည့်နေပြီးဘာမှလည်းပြန်မပြောတာကြောင့် Yibo စတင်ပြီးချွေးစို့လာတယ်

ခနလောက်ကြာတော့ Mr.Xiao က Yibo ကိုပြုံးပြကာ သူ့ပုခုံးကိုပုတ်လိုက်ပြီး "လာလေ အိမ်ထဲ၀င်ကြရအောင် မင်းအဒေါ်က ဟင်းတွေအများကြီးချက်နေတာ"

Mr. Xiao ကပြောပြီးအိမ်ထဲ၀င်သွားတာကြောင့် Yibo အနည်းငယ်စိတ်သက်သာရာရသွားတာတော့အမှန်ဘဲ

ဟင်းတွေကျက်ဖို့ကိုစောင့်နေရင်း Yibo က Mr.Xiao နဲ့အတူဧည့်ခန်းထဲမှာထိုင်နေကာ Xiao Zhan ကတော့ သူ့အမေကိုကူညီဖို့ မီးဖို့ချောင်ထဲ၀င်သွားလေရဲ့

ဧည့်ခန်းထဲက လေထုထဲမှာတော့ စိမ်းသက်နေပြီး ကို့ယို့ကားယားနိုင်မှုတွေ အပြည့်ဖြစ်နေလေရဲ့ Mr.Xiao ကသူ့ကိုထပ်ပြီးစိုက်ကြည့်နေတာကြောင့် Yibo တစ်ယောက်ပြုံးသာပြုံးပြပြီး ခေါင်းငုံ့နေလိုက်တယ်

You've reached the end of published parts.

⏰ Last updated: Apr 28, 2021 ⏰

Add this story to your Library to get notified about new parts!

My Favorite Laoshi (Myanmar Translation)Crd To nnaj2004Where stories live. Discover now