Part-22

1.5K 153 8
                                    

Uni

3rd  person pov

"ဟိုင်း... sorry ကျွန်တော်နောက်ကျသွားတယ်" Yibo Haikuan အိမ်ထဲကိုဝင်ဝင်ချင်းပြောလိုက်တယ်

Haikuan, သူ့မိန်းမ Yin Lin နဲ့ Wen Ning ကဧည့်ခန်းထဲမှာထိုင်နေရာကနေ Yibo အိမ်ထဲလည်းဝင်လာရော သူတို့ခေါင်းတွေအကုန်လုံးက Yibo ဆီကိုလှည့်ကြည့်လာတယ် Haikuan ကထုံးဆံအတိုင်း သူ့ရဲ့မျက်နှာတည်ကြီးနဲ့, Wen Ning ကတော့စတင်ပြီးချွေးတွေရွှဲလာတယ် နောက်ပြီး Yin Lin ကလည်းသူ့ကိုစိုက်ကြည့်နေသေးတယ်

Yibo ကတော့အဲ့အကြည့်တွေကို အဖက်တောင်မလုပ်ဘူး အခုအချိန်မှာသူပျော်နေတယ်လေ သူလမ်းဆက်လျှောက်သွားကာ ခုံပေါ်ဝင်ထိုင်လိုက်တယ် Yin Lin ကသူ့အသံအကျယ်ကြီးနဲ့စကားစလိုက်တယ်

"နင်ဘယ်တွေလျှောက်သွားနေတာလဲ?! ငါကနင့်ကိုပစ္စည်းတွေဝယ်ခိုင်းလိုက်တာ နင့်ရဲ့လက်ထောက်ကိုမဟုတ်ဘူး!! ဒီတစ်ခေါက်လေးဘဲငါ့စိတ်တိုင်းကျလုပ်ပေးလို့မရဘူးလား??"

သူမရဲ့စိတ်အခြေအနေကချက်ချင်းဆိုသလိုပြန်ပြောင်းသွားပြီး စတင်ငိုတော့တယ်

"ငါသိပါတယ် ငါကနင့်ရဲ့အစ်မအရင်းမဟုတ်ဘူးဆိုတာကို ဒါပေမယ့် ငါကတော့နင့်ကို ကိုယ့်ရဲ့မောင်လေးအရင်းတစ်ယောက်လို့သဘောထားတာ... ငါနင့်ကိုဒါတွေခိုင်းနေတာကလည်း နင်နဲ့ပိုပြီးရင်းရင်းနှီးနှီးရှိသွားအောင်လို့.... နင်ငါနဲ့ နည်းနည်းလေးဘဲဖြစ်ဖြစ် ရင်းရင်းနှီးနှီးနေပေးလို့မရဘူးလား?"

Yibo သူမကိုစိတ်လေသလိုမျိုးကြည့်လိုက်ပြီး Haikuan ဆီကိုတစ်ချက်လှည့်ကြည့်လိုက်တယ်

"အစ်ကို့ရဲ့ မိန်းမဘာဖြစ်နေတာလဲ?? ဘာလဲ အခုဘဲ ချက်ချင်းကြီး ကလေးထမွေးတော့မှာလား??"

Haikuan ကသူ့မိန်းမရဲ့ ကျောကုန်းကိုချော့သလိုမျိုးခပ်ဖွဖွလေးပုတ်ပေးနေရင်း "..... ကိုယ်ဝန်ဆောင်မိန်းခလေးတွေက... အဲ့လိုဘဲလေ....." သူမချိပြုံးပြုံးပြီးပြောလိုက်တယ်

"ဒါနဲ့ Yibo ညီ ge တို့ကို တစ်ခုခုပြောစရာမရှိဘူးလား??" သူ့မိန်းမစိတ်အခြေအနေပြန်ငြိမ်သွားတော့ Haikuan မေးလိုက်တယ်

My Favorite Laoshi (Myanmar Translation)Crd To nnaj2004Where stories live. Discover now