ဖင်လုံးလုံးလေးအား မနာအောင် ခပ်ဖွဖွလေး ရိုက်လိုက်ရင်း

" Hyg နောက်ကျနေပြီ
ထရမယ်လေ "

ထိုအခါမှ လက်နှစ်ဖက်ကို ဆန့်တန်းပေးလာသည်
နေ့အလင်းရောင်ကြောင့်ကျိန်းနေသေးသည့် မျက်စိတို့ကို ပြန်မှိတ်ထားကာ အလိုမကျသည်ကြောင့် နှုတ်ခမ်းကိုလည်း ထော်ထားသေးသည်

အရပ်ရှည်ပေမယ့် သေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို ပွေ့ရင်း ဆွဲထူလိုက်တော့ ကျနော့်ရင်ဘတ်ကို မှီကာ ပြန် မှိန်းနေသေးသည်

ကျောလေးကို ထိန်းထားရင်း ထယ်ယောင်းအား ကလေးပေါက်စလေး လို  ပွတ်သပ်ပေးနေလိုက်သည်

" အခု နေလို့ မ​ကောင်းဘူးမလား
မနေ့က မိုးရေထဲ အကြာကြီးနေတာကို "

မျက်စိကို လက်ဖြင့် ပွတ်ကာ ခေါင်းသာ ငြိမ့်သည်

" မျက်နှာသစ် သန့်ရှင်းရေး လုပ်ပြီးရင်
ကျနော်ဆေးတိုက်မယ် ခနပဲ သည်းခံလိုက် "

ကလေးဆိုးလေးအား ချော့မော့ပြောကာ ကိုယ်တိုင်ပဲ ရေချိုးခန်းထဲ ခေါ်သွားပေးရင် သန့်ရှင်းရေး လုပ်ပေးလိုက်သည်

အောက်ထပ်သို့ ပွေ့ချီ ခေါ်လာလိုက်ကာ kim omma လုပ်ပေးထားတဲ့ စွပ်ပြုတ်ပူပူလေးအား ခွံ့ တိုက်နေမိတော့သည်

Kim Omma ကတော့ ကျနော်တို့နှစ်ယောက်အား
'အချွဲစိန်နှင့် ကိုပိုကြီး ' ဟု အမည်နာမပေးကာ သူ့အခန်းတွင်း ပြန်ဝင်သွားလေရဲ့

* ဒီနား.. ဒီနား ပြီးတော့
ဒီနားတွေရော နာနေတယ်..အဟင့်... *

ဆိုဖာရှည်ပေါ်တွင် ထိုင်နေတဲ့ hyg ပေါက်စလေး က ကျနော့်ဘက် လှည့်လာရင်း ငိုသံလေးစွက်ကာ ဦးခေါင်းနေရာအပြင် ခြေတွေ လက်တွေ ကိုပါ ထိုးပြလာသည်

မနေ့က မိုးရေထဲ အကြာကြီးနေလိုက်တာကြောင့် ကျနော့် အကိုပေါက်စ နုနုဖတ်ဖတ်လေး နေလို့မကောင်းရခြင်း ဖြစ်သည်

အတူနေတာ ကြာပြီဖြစ်တဲ့အတွက် hyg ပေါက်စလေးအကြောင်းသူသာ အသိဆုံးဖြစ်သည်
မူးလာတဲ့အချိန်ဆို မဟုတ်တာလေးကိုလည်း ဂျစ်တိုက်နေတတ်ပြီး နေလို့မကောင်းသည့် အချိန်များမှာတော့ ကလေးတစ်ယောက်လို အီနေတတ်သည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now