အငယ်လေးထက် သူ့ကို ပိုချစ်မိပါသည်
ငယ်ငယ်လေးကထဲ စိတ်ဓာတ်ကြံ့ ခိုင်တဲ့ ကောင်ငယ်လေးအတွက်က ကြီးလာရင် လှည့်ကြည့်စရာပင် မလိုမှာကိုလည်း တွေးရင်း ဂုဏ်ယူမိသည်

" သိပ်ပြီး ပုံမသွင်းပါနဲ့
ဒီကောင်လေးက လိမ္မာပါတယ် "

" ဒါပေမယ့် Jo ham
ငါ သူတို့အနားမှာ အမြဲရှိနိုင်မှာ မဟုတ်ဘူး
သူ အမြဲအဆင့်သင့်ဖြစ်နေတာကိုပဲ လိုချင်တယ် "

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

၁ နှစ်ဆိုပေမယ့် စကားသိပ်တတ်လွန်းတဲ့ ကောင်လေး

"Hyg. ..gi
တားကို  ချစ် "

" kuu လေးကို hyg က
အများကြီး ချစ်တာပေါ့ "

တစ်ခါတစ်လေ appa ရဲ့ ပစ္စည်းတွေ ယူကိုင်လို့ သူအရိုက်ခံရမှာစိုး၍ သူ့အစား အပြစ်ဝင်ခံပေးရတာလည်း ခနခန
ဒါလည်း မမုန်းရက်
ရှေ့သို့ ကျနေတဲ့ ဆံပင်လေးတွေကို ထိပ်မှာ ခေါင်းစည်းကွင်းပျော့ပျော့လေးဖြင့် ချည်ထားပေးလိုက်သည်

မျက်နှာ ဖောင်းဖောင်း ခေါင်းလုံးလုံးလေးမှာ
ဆံပင်လေးအပင်ပေါက်နေတာကို သိပ်သဘောကျသည်

အမြဲလိုလို လက်တစ်ချောင်းကို ပါးစပ်ထဲ ထည့်ကာ တစ်ဝက်လောက်သာ ထွက်နေသေးတဲ့ သွားပေါက်စလေးတွေနဲ့ ကိုက်ဝါးနေတတ်သည်

အိပ်နေတာတောင် အစားအသောက်အကြောင်းပဲ
တွေးနေတဲ့ ပေါက်စလေး **

ဘေးစောင်းလေး အိပ်ပျော်နေတဲ့ ကောင်ငယ်လေး ဘေးနား ဝင်လှဲရင်း အောက်ဘက်မှ ဆူဆူညံညံ အော် ဟစ်သံကြောင့်
လန့်သွားပြီး အောက်ထပ်သို့ သွားကြည့်မလို စဉ်းစားနေတုန်းမှာပဲ
ကောင်ငယ်လေးလည်း ကျနော့်လိုပဲ လန့်နိုးလာသည် ထင်ရဲ့
မျက်ရည်လေးတွေ ရစ်ဝိုင်းကာ ကျနော့်အင်္ကျီစကို ဆုပ်ကိုင်ထားသည်

" hyg Gi ရှိတယ်
ဘာမှ မဖြစ်ဘူး "

ကလေးပေါက်စလေးကို ခန ပွေ့ဖက်ထားလိုက်သည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Opowieści tętniące życiem. Odkryj je teraz