သူ့ကောင်လေးအတွက်ဆို ဘာပဲ လုပ်ရ လုပ်ရ ဆိုသည့် မင်ယွန်းဂီ အား မနိုင်ဘူးဆိုသည့်အကြည့်ဖြင့် ဆော့ဂျင်မှ ကြည့်သည်

အနားကို ဖက်ခနဲ ပြန်ရောက်လာကာ လက်မောင်းကို ဖက်တွယ်ရင်း ကျနော့်ခန္ဓာကိုယ်နဲ့ ပုန်းကွယ်နေတဲ့
အကိုပေါက်စလေး

အကြောင်းအရင်းက ကင်မ်ဆော့ဂျင် ကြောင့်ဖြစ်မည်
ဟိုးတစ်လောက အကိုပေါက်စလေးကို ဆော့ဂျင်က ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သေးသည် မလား

" Arrr. ..ငါသူ့ကိုမှတ်မိသေးတယ်
Taehyung?
တောင်းပန်ပါတယ် ဟိုးနေ့က ဒေါသနဲ့မို့လို့ပါ "

ဟိုးတစ်နေ့တုန်းကနဲ့ မတူ ပေါ့ပေါ့ပါးပါး T Shirt တစ်ထည်နှင့် Jean တစ်ထည် သာ ဝတ်ဆင်ထားပြီး အညိုရောင် ဆံပင်တို့ကို လှန်တင်ထားတဲ့ Seokjin က ပြုံးရင်း တောင်းပန်စကား ဆိုသည်

သို့ပေမယ့် ကျနော့်ရဲ့ အကိုပေါက်စလေးကတော့
အားကိုးတကြီး ကျနော့် လက်မောင်းကို ဆုပ်ကိုင်ထားမြဲ

တကယ်ကိုပဲ သဘောကျပါသည်
ကိုယ်မြတ်နိုးရတဲ့လူတစ်ယောက်က ကိုယ့်ကို ယုံကြည် အားကိုးနေတဲ့ ခံစားချက်
ဒါက ကမ္ဘာကြီး.. မဟုတ်ဘူး စင်္ကြာဝဠာကြီး တစ်ခုလုံးကို
အပိုင်ရလိုက်သလိုပင် ဂုဏ်ယူဝင့်ကြွားစရာ

သဲသောင်ပြင်ပေါ် ထိုင်နေစဲ ဖြစ်တဲ့ ဂျီမင်က အခုမှ ကုန်းထရင်း

" သူ့ကို စိတ်မထားနဲ့
ထယ်ယောင်း ငါနဲ့လိုက်ခဲ့ "

ကျနော့်ထံမှ အကိုပေါက်စလေးကို ပိုင်စိုးပိုင်နင်းခေါ်ထုတ်သွားတဲ့ အပုကောင်

အကိုပေါက်စလေးကလည်း သူ့သူငယ်ချင်းဆိုတာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားလေရဲ့

ဘယ်လိုတောင် ကို့ရို့ကားယားနိုင်တဲ့ အခြေအနေကြီးလည်း...... ?

ကားဘောင်ကို မှီရင်း ထိုဖြစ်ရပ်ကို အစအဆုံး မြင်သည့်
မင်ယွန်းဂီ နှင့် အကိုပေါက်စလေးအား တစ်ခနတာ ဆုံးရှုံးလိုက်သည့် မင်ဂျောင်ကု တို့ နှစ်ယောက် ထဲ အပေါ် ကွက်ပြီး မိုးရွာချလိုက်သလို
မျက်မှောင်ကြီးတွေ ကျုံ့ ကာ ကျန်နေခဲ့တော့သည်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now