မိုက်ကန်းနေတတ်တဲ့ အချိန်ကာလမှာ ခေါင်းဖြူနဲ့ JK တို့ဟာ
ပလ္လင်လုနေကျ
ရုံးခန်းရောက် လူငယ်ထိန်းသိမ်းရေးစခန်းရောက်သည်က
အကြိမ်ပေါင်းများစွာ

ခေါင်းဖြူက JK ထက် သုံးနှစ်ပင်ပိုကြီးသည်
JK လို ကလေးတစ်ယောက်အောက်မှာ ခေါင်းငုံ့ မခံချင်တာကြောင့်နဲ့
JK တစ်​ယောက် Taehyung မှ Taehyung ပြောစကား ဖြစ်နေတဲ့ အချိန်
အခွင့်ကောင်းယူကာ ပလ္လင်လုသွားတယ်ပဲ ဆိုပါတော့.....

" ကျနော် စာလုပ်ချင်လို့ "

အရင်က ကျောင်းသားဗိုလ်ဖြစ်နေရတာကိုပဲ ဂုဏ်ယူဝင့်ကြွားနေမိသည်
မကြာခင်အချိန်အတွင်းမှာ Taehyung ဟာ University တစ်ခုကို ရွေ့ ပြောင်းရတော့မည်
အခုတောင် ကျောင်းသူ ကျောင်းသားတိုင်းက ငေးရတဲ့ အရုပ်လေးဖြစ်နေတာ

Taehyung ​ဘေးမှာ ကျနော် မရှိမည့် အချိန်တွေကို တွေးကြည့်ပါဦး
လူတွေရဲ့ အကြည့်မှာတင် တစ်စစီ ဖြစ်သွားနိုင်သည်

Taehyung နားမှာ အမြဲ​နေနိုင်ဖို့ အတွက် စာလုပ်ပြီး
စာမေးပွဲအောင်မှဖြစ်တော့မည်

အတည်ပေါက်နဲ့ ပြောသည့် စကားကို ခွီးခနဲ ထရီတဲ့
အကိုပေါက်စလေးကြောင့် မာနကိုတော့ အနည်းငယ် ထိခိုက်မိလိုက်သလိုပင်......

"ကျနော် အတည်ပြောနေတာ
ဒါပေမယ့် ကျနော့်မှာ ဘာစာမှ မရှိဘူး "

ကျောင်းတက်နေပြီး စာအုပ်ထဲ စာမရှိတာ တကယ်ကို အံ့ သြမိသည်
ဟုတ်လည်း ဟုတ်သား
ဒီလောက်ထိန်းမရသည့် အတန်းတွေကို
ဆရာတွေက စာဝင်မသင်တာ ထူးတော့ မထူးဆန်းပေ

" တကယ်ကြီး စာလုပ်ချင်တယ်ဆိုရင်
ငါကူညီပေးလို့ရတာပဲ ဒါပေမယ့် အပေးအယူရှိသေးတယ်
ကျန်းမာရေးကြောင့်သာ F ခန်းရောက်နေတာနော်
မင်းလို စာညံ့ ပြီး ဆိုးနေလို့ မဟုတ်ဘူး "

သူလည်း F ခန်းမှာ နေရကြောင်း အိုးမလုံ အုံပွင့် ထ ပြောတဲ့
အကိုပေါက်စလေးကြောင့် ဒီတစ်ခါ ရီရတာက Jung Kook ဖြစ်သွားပြန်တယ်

ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹Where stories live. Discover now