..အမေ တစ်ခါတည်း ပြောထားမယ်နော်..သားဘဝအတွက် ရွေးချယ်မယ့် အိမ်ထောင်ဖက်က အမေတို့ မျိုးဆက်ကိူ မွေးထုတ်ပေးနိုင်တဲ့ မိန်းကလေးပဲ ဖြစ်ရမယ်..ဒါမှ ငါ့သားလေး ပျော်ရွင်ရမှာ..သားတွေးကြည့်စမ်းပါ..ထက် မြတ်တဲ့ ဇနီးချောလေးနဲ့ တီတီတာတာလေးတွေ ​ပြောတတ်တဲ့ ကလေးလေးတွေ ရှိမယ့် မိသားစု​လေး..ကဲ ဘယ်လောက် စိတ်ချမ်းသာ စရာကောင်းလိုက်မလဲ"

"ဒါပေမယ့်..မေမေ..သားက ဂေးတစ်ယောက်လေ..ဘယ်တော့မှ မိန်းကလေး တစ်ယောက်ကို ချစ်လာမှာမဟုတ်သလို သားသမီးဆိုတာလည်း ရှိလာမှာမဟုတ်ဘူး ..ပြီးတော့ သားက
ကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်ပြီး အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ကို ..ကာဗာလုပ် လပ်ထပ်ယူ ရအောင် သားအဲ့လောက် တစ်ကိုယ်ကောင်းမဆန်နိုင်ဘူး မေမေ"

"ဟင်း..ဟင်း..ဒါဆို အမေက တစ်ကိုယ်ကောင်းဆန်တဲ့ သူ ဖြစ်နေပြီလို့ ..သားအဲ့လိုပြောချင်တာမလား..ရတယ် ပြောပါ..အမေ့ကို တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတယ်လို့ ပြောပြော..အမေကတော့ ကိုယ့်သားသမီး ကောင်းစားဖို့ဆိုရင်..အခြားသူရဲ့ သားသမီးကို ချနင်းရမယ်ဆိုလည်း အမေ
အဲ့လိုလုပ်မိဦးမှာပဲ..ဘာဖြစ်လို့လဲ သိလား..သား..သားကလေ အမေ့အတွက် ဘာနဲ့မှ အဖိုးဖြတ်မရနိုင်တဲ့ ရင်နစ်သည်းချာလေးမို့လို့..ပြီးတော့ ဒီလိုကိစ္စနဲ့ပက်သက်ပြီး အမေ ရူးမတတ်ခံစားခဲ့ရဖူးလို​့..သားကို အမေ့မောင်လေးလို အဖြစ်ဆိုးမျိုး မကြုံစေချင်လို့.သားရယ်..အဲ့ဒါကြောင့်မို့..သားကို တားနေရတာပါ"

ခက်ထန်နေတဲ့ အမေ့မျက်နှာမှာ ချက်ချင်းဆိုသလို နာကျည်းရိပ်တွေ ဖြတ်ပြေးသွားသည်။

"ဟင်..အမေ့ မောင်လေး ဟုတ်လား..မေမေ"

လေညှင်း ငယ်စဥ်ကတည်းက သိခဲ့တာ အမေက တစ်ဦးတည်းသော သမီး။မောင်နှမ ရင်းချာ မရှိလို့ အထီးကျန်ခဲ့ရတဲ့ အကြောင်းတွေ။ဓာတ်ပုံ အယ်လ်ဘမ်ထဲက အမေနဲ့ဖိုးဖိုး ဖွားဖွားတို့ရဲ့ မိသားစု ဓာတ်ပုံလေး။ဒါဆို မေမေ့မှာ မောင်လေး ရှိခဲ့တယ်ဆိုရင် ဘာလို့ သူမသိခဲ့ရတာလဲ။မေမေကရော ဘာလို့ အားလုံးကို လိမ်ထားခဲ့တာလဲ။

စေလိုရာစေ(Completed)Where stories live. Discover now