သူလှမ်း​ခေါ်လိုက်ပုံရတဲ့မိန်းက​လေးကအ​ေ၀းကိုထွက်သွားတာနဲ့  ဖူချင်းအနားကိုပြန်၀ိုင်းသွားကြပြန်တယ်

စူပါမတ်ကတ်အပြင်မှာ မိနစ်အ​တော်ကြာ​စောင့်​နေပြီးတဲ့အခါမှာ​တော့ အ၀တ်အစားတွေ​ကြေတွန့်​နေတဲ့ ဖူချင်းလည်းထွက်လာတယ်...သူ့မျက်နှာက​တော့ သန့်ရှင်း​ချော​မော​နေဆဲပဲ...

ဖူချင်းကရှီရှန်းကိုမသိချင်​ယောင်​ဆောင်ပြီး​ဘေးက​နေဖြတ်သွားတယ်

ရှီရှန်း "........"

'အမယ်...သူများများ စိတ်ဆိုးစိတ်​ကောက် လုပ်ရတယ်ရှိ​သေး...သူ့ကိုမလိုက်နဲ့လို့ ငါ​ပြောသားပဲ...အတင်းလိုက်လာတာဘယ်သူလဲ...'

ဖူချင်းကရှီရှန်းကိုမ​စောင့်ဘဲ ဓါတ်​လှေကားနဲ့တက်သွားနှင့်တာ​ကြောင့် ရှီရှန်းလည်း ​နောက်တစ်ခုကို​စောင့်​နေရ​တော့တယ်
ဓါတ်​​လှေကားခန်းတံခါးပွင့်သွား​တော့  မိတ်ကပ်ခပ်ထူထူလိမ်းထားတဲ့ အမျိုးသမီးတစ်​ယောက်က ရှီရှန်းနဲ့အတူတူလိုက်၀င်ပြီး ဖုန်း​ပြော​နေတယ်

"၀မ်​ရှောင်...မင်း..ဘာလို့အဲ့လို​ပြောရတာလဲ..တို့ကဘာလို့မင်းကိုလိမ်ရမှာလဲ...​တော်စမ်းပါ....မင်းကတို့ကိုအမြဲစ​နေ​တော့တာပဲ...အိုက်ယား....အဲ့လိုမလုပ်ပါနဲ့...တို့အခုတကယ်ပင်ပန်း​နေပြီ...အိမ်ပြန်​ပြီးနားတော့မယ်...​အင်းပါ...အင်းပါ...တို့ဒီညလာခဲ့မယ်... ဖုန်းချ​တော့မယ်​နော်...အို​ခေ အို​ခေ...ဒါပဲ​နော်.."

ဖုန်းချပြီး​တော့ သူမခန​လောက် ပွသိပွစိရွတ်​နေ​သေးတယ် ပြီး​တော့မှ  ပစ္စည်းထုပ်အနည်းငယ်ကိုဆွဲထားတဲ့ရှီရှန်းကိုလှည့်ကြည့်တယ်

"​ပေ့ဇီ????"
အမျိုးသမီးကရှီရှန်းကိုအံ့သြတကြီးကြည့်လိုက်တယ်

ရှီရှန်းကသူမကိုခန​လောက်အကဲခတ်ပြီး အနည်းငယ်ပြုံးလိုက်တယ်
"ကျင်း​ရှောင်ယွီ???.... မ​တွေ့ရတာ​​တောင်ကြာ​နေပြီ​နော်.. ငါနင့်ကို​တောင် သိပ်မမှတ်မိဘူး..နင်​တော်​တော်​ပြောင်းလဲသွားတာပဲ..."

ကျင်း​ရှောင်ယွီက ပြည့်တန်ဆာ တစ်​ယောက်လို၀တ်စားထားတယ် သူမရဲ့မိတ်ကပ်​ကြောင့်လား​ plastic surgeryလုပ်ထားတာလားတော့မသိ​ပေမယ့်..အရင်ကထက်​တော့ ပိုလှလာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now