​ငွေရှင်းရ​တော့မယ်အချိန်ရောက်မှ ရှီရှန်းလည်း လှည်းထဲက သူမ မရင်းနှီးတဲ့ပစ္စည်း​တွေကို​တွေ့ပြီး  ဖူချင်းကို စိုက်ကြည့်လိုက်တယ်

ဖူချင်းက​တော့ဘာမှမ​ပြောဘဲ ရှီရှန်းကို ​မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်
ရှီရှန်း "..........."
'​စောက်က​လေးက မိုက်သလိုလို ဘာလိုလို လာလုပ်ပြ​နေတယ် '

တစ်ဖက်မှာ​တော့ ​ငွေရှင်း​ကောင်တာက ၀န်ထမ်းမ​လေး​တွေက ဖူချင်းကို မျက်လုံးထဲမှာ အသည်း​ပုံတွေဘလင်းဘလင်းထ​ပြီး ကြည့်​နေကြတယ် 'ဟယ်...  ဒီမှာ အလုပ်လုပ်တာကြာပြီ သူ့လို​အဆင်​လေးကို   တစ်ခါမှမမြင်ဖူးဘူး... ဒီ​ကောင်​ချော​လေးက ဒီနားကို အခုမှ​ပြောင်းလာတာပဲဖြစ်ရမယ်.. ဘုရား​ရေ.......​ချောလိုက်တာ...အပြစ်ကင်းစင်တဲ့ရုပ်က​လေးနဲ့....ငါ့အသဲ​တွေအရည်​ပျော်ကုန်ပါပြီ..."

"မိန်းက​လေး....သူ့ကိုဆက်မကြည့်​တော့လို့ရမလား.." ရှီရှန်းက ပစ္စည်းအထပ်လိုက်ကို ​ကောင်တာ​ပေါ်တင်​ပေးလိုက်တယ်
'တကယ်ကိုပဲ  အလှ​လေး​တွေက တိုင်းပြည်အတွက်အန္တရာယ်ရှိတယ်'

၀န်ထမ်းမ​လေးက ရှက်သွားပြီး ​ခေါင်းငုံ့သွားတယ် ဒါ​ပေမယ့် သူမက ပစ္စည်း​တွေကို ​နှေး​နှေး​ကွေး​ကွေးပဲ စကန်ဖတ်​နေပြီး ဖူချင်းကို ခနခနခိုးကြည့်​နေတယ်

ရှီရှန်း "..........."
'ငါကိုယ်တိုင်ပဲ စကန်ဖတ်လိုက်ချင်တယ်..'

​ငွေရှင်း​ကောင်တာမှာ အချိန်အ​တော်ကြာကုန်ဆုံးပြီး​နောက်မှာ​တော့ ...အပြင်းအထန်စိတ်လှုပ်ရှား​နေကြတဲ့ မိန်းက​လေးအုပ်လိုက်ကြီးနဲ့​တွေ့ရပြန်တယ်
'၃နှစ်အတွင်းမှာဒီက မိန်းက​လေး​တွေ ရူးများရူးကုန်ကြပြီလား...အရမ်းကို....ငါ​ကြောက်လို့​သေ​တော့မယ်..'

ဖူချင်းက ရှီရှန်းကလွဲရင် အခြားသူ​တွေကိုစကားမ​ပြောတာ​ကြောင့် သူ့ရဲ့ရှည်လျားတဲ့အရပ်ကိုအသုံးပြုကာ ရှီရှန်းကိုရှာပြီး
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အကူအညီ​တောင်း​တော့တယ်
"မိန်းမ​ရေ...သူတို့​တွေ ကိုယ့်ကိုလိုက်ထိ​နေကြတယ်"

'ဘယ်သူက နင့်မိန်းမလဲ...အားတိုင်းရတိုင်းလိုက်​ခေါ်မ​နေနဲ့...'
ရှီရှန်းက သူ့ကိုမသိချင်​ယောင်​ဆောင်ပြီးထွက်သွားတယ်
'ငါသူ့ကိုမသိဘူး..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now