ဖူ​ရော့ကခန​လောက်စဥ်းစားလို့အပြီးမှာ ချင့်ချင့်ချိန်ချိန်​ပြောလိုက်တယ်
"ကိုယ် တစ်ခု​လောက်​တောင်းဆိုပါရ​စေ... ​​ရှောင်ချင်းရဲ့​ဆေးကုသမှုအတွက် နိုင်ငံခြားကိုအ​ဖော်လိုက်သွား​ပေးပါ... ​ငွေ​​ရေး​ကြေး​ရေးကကိစ္စမရှိပါဘူး.."

"သူ့ကိုကယ်လို့ရ​သေးတယ်​ပေါ့...အိုး...ကျွန်မကသူ့ကို​သေဖို့​စောင့်​နေရပြီမှတ်တာ..."

ဖူ​ရော့"......"

'​၀သဖ!!!အဲ့ဒီအံ့ဩသွားတဲ့အမူအရာကဘာလဲ!!!သေချာ​ပေါက် ငါ့သားကကယ်လို့ရ​သေးတာ​ပေါ့ ​စောက်ကမြင်းမလေးရဲ့!!!!! '

"ကျွန်မမှာ အချိန်မရှိဘူး.."

'ငါ့သားကိုအ​ဖော်ပြု​ပေးချင်​နေတဲ့ ​ခွေးမ​​လေး​တွေမှ တစ်ပုံကြီးပဲ..ဒီ​စောက်ကမြင်းမ​လေးအတွက်နဲ့အဲ့ဒီတစ်အုပ်စုလုံးကိုငါက လျစ်လျူရှုထားလိုက်ရတာ...မဖြစ်နိုင်ဘူး...ငါ​..ဖူ​ရော့ ရဲ့သမိုင်းမှာ အရှုံးဆိုတာမရှိဘူး..'

"​ငွေ​ကြေးပမာဏ ကဘယ်​လောက်များများကိစ္စမရှိပါဘူး..."
ဖူ​ရော့က ရှီရှန်းငြင်းဆို​နေတာဟာ ​ငွေ​ကြောင့်လို့ထင်သွားတယ်

"ပိုက်ဆံ​ကြောင့်မဟုတ်ဘူး.."
ရှီရှန်းက *တည်တည်ကြည်ကြည်*​တုန့်ပြန်လိုက်တယ်

"ဒါဆိုဘာလို့လဲ..."
ဖူ​ရော့အတွက် သူ့သားနဲ့ယှဥ်ရင် အခြားဘာကမှအ​ရေးမကြီးဘူး

"ဒါက ကျွန်မရဲ့ကိုယ်ကျင့်သိက္ခာနဲ့ပတ်သတ်​နေတယ်..."
ဖူ​ရော့"....."

'အ​စောင့်​တွေ!!!! ဒီ​ခွေးမ​လေးကို ပင်လယ်ထဲလွှင့်ပစ်လိုက်စမ်း....ငါ ဘယ်လိုမှ သူမနဲ့စကားဆက်မ​ပြောနိုင်​တော့ဘူး!!!! '

'မင်းကသာ ​ငွေအ​ကြောင်း စ​ပြောခဲ့တဲ့သူပဲ...အခုမှ ဘာာလို့ ကိုယ်ကျင့်သိက္ခာလဲ..'

[ကွင်းဆက်တာ၀န် : ဖူချင်းရဲ့​ဆေးကုသမယ့် ခရီးစဥ်ကို အ​​ဖော်လိုက်သွား​ပေးပါ]

ရှီရှန်း "........"
'System ...နင်ငါ့ကို အရှက်မကွဲ​စေချင်တာ​သေချာရဲ့လား...'

"အဟမ်းအဟမ်း....တကယ်​တော့ လုံး၀မဖြစ်နိုင်တာလို့ရယ်လည်းမဟုတ်ပါဘူး"
ရှီရှန်းက ကလည်​ချောင်းရှင်းပြီးဆက်​ပြောလိုက်တယ်
"တန်​ကြေးက​တော့ သုည၁၀လုံးရဲ့အထက်မှာရှိရပါလိမ့်မယ်..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now