'ဒီမိန်းက​လေးကိုကယ်တင်လို့မရနိုင်​တော့ဘူး....'

"မင်း မ​ကြောက်ဖူးလား.."

"​ကြောက်တာက စားလို့ရလား!!! ဒါမှမဟုတ် ရှင့်ရဲ့ ​စောက်​ရေးမပါတဲ့​မေးခွန်း​တွေကို ရပ်တန့်ပစ်လိုက်လို့ရလား.."
ရှီရှန်းက ခပ်တည်တည်ပဲပြန်​ပြောလိုက်တယ်

ဖူ​ရော့ "........"

သူမနဲ့စကား​ပြောလို့ရမယ့်နည်းလမ်းမရှိ​တော့ဘူး..ပထမတစ်ချက်က သူမပါးစပ်ကထွက်သမျှစကား​တွေက ဘုနဲ့​ဘောက်​တွေချည်းဖြစ်ပြီး ဒုတိယတစ်ချက်က​တော့ တစ်ဖက်လူအ​ပေါ်​လေးစားမှု နည်းနည်းမှမရှိဘဲ အထင်​သေးမှုကိုအထင်းသား​ပေါ်လွင်​နေ​စေတဲ့ သူမရဲ့မျက်လုံး​တွေဖြစ်တယ် ဒီအကြောင်းပြချက်​တွေနဲ့ဆိုရင် တစ်စုံတစ်​ယောက်က သူမကို​သေ​အောင်ရိုက်သတ်ပစ်ဖို့ လုံ​လောက်​သွားပြီ

'ဒီအရွယ်ထိဘယ်လိုများအသက်ရှင်လာခဲ့ရှာပါလိမ့်...!!!'

"ရှင့်သားက ​​တစ်နာရီခွဲ အတွင်းမှာ ​ဆေး​သောက်ဖို့လိုတယ် ရှင်အချိန်ဖြုန်း​နေချင်တာ​သေချာရဲ့လား..."
ရှီရှန်းကသူမရဲ့ ဖုန်းကိုကြည့်ပြီး​ပြောလိုက်တယ်

ဖူ​ရော့ရဲ့နှုတ်ခမ်း​တွေကပြုံးသွားတယ်
"မိန်းက​လေး​ပေ့ရဲ့ လက်​ထောက်ကို အကူအညီ​တောင်းလိုက်လို့မရဘူးလား..."

"လက်​ထောက်လား!!ရှင်​ပြောချင်တာက အသက်ရှင်​နေတဲ့လက်​ထောက်လား..ဒါမှမဟုတ်အသက်မရှိ​တဲ့လက်​ထောက်လား...​ငွေ​ပေး​ချေမှုက သုည၉လုံးအထက်မှာရှိရမယ်​နော်..ဒီထက်နည်းမယ်ဆိုရင်​တော့ ကျွန်မကိုလာပြီးညှိနှိုင်းမ​နေနဲ့​တော့.."

ဖူ​ရော့ "......"
'သူမက ဘာ​တွေ​ပြော​နေတာလဲ...အသက်ရှင်​နေတဲ့လက်​ထောက်နဲ့အသက်မရှိ​တဲ့လက်​ထောက်က​ရော ဘာ​တွေလဲ...ဘယ်လိုလက်​​​ထောက်က ဒီလို၂မျိုးခွဲလို့ရသွားလို့လဲ...ပြီး​တော့သူမက သုည၉လုံးအထက်ကတန်ဖိုးကို​တောင်အဖိုးအခအဖြစ် လိုချင်​သေးတယ်...သန်း၁၀၀တဲ့လား...ငါ့သားရဲ့အသက်က တန်ဖိုးကြီးတယ်ဆို​ပေမယ့်လည်း ဒီ​​လောက်ထိမျက်နှာ​ပြောင်တိုက်ဖို့မလိုဘူးလားလို့​လေ...'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now