"ဒီမှာမိန်းက​လေး...ကိုယ့်ကိုအဲ့လို​လေသံနဲ့လာမ​ပြောနဲ့...ကိုယ်မင်းကို ယဥ်​ကျေးမှုရှိစွာအကြိမ်ကြိမ်ဖိတ်ကြားခဲ့ပြီးသား..အဲ့တုန်းက​တော့ မင်းကကိုယ့်ကိုနည်းနည်း​လေးမှမျက်နှာသာမ​ပေးခဲ့ဘူး​လေ...အခု​တော့ဘယ်တတ်နိုင်ပါ့မလဲ...ကိုယ်ကိုယ်တိုင်မင်းကိုလာ​တွေ့လိုက်ရ​တော့တာ​ပေါ့..."
ဖူ​ရော့ကိုကြည့်ရတာစိတ်တိုလွယ်တဲ့သူနဲ့တူ​​ပေမယ့် သူမကိုအခုထိ  လူကြီးလူ​ကောင်းဆန်တဲ့​လေသံနဲ့စကား​ပြော​နေတုန်းပဲ

'သူ့ကိုကြည့်ရတာ အရမ်းကိုယဥ်​ကျေး​နေသလိုပဲ...​ရှေး​​​ခေတ်က အ​ပြောအဆိုပုံစံ​တွေနဲ့ ....ထူးဆန်းလိုက်တာ'

"ဒီမှာ ..ဒီမှာ...ကျွန်မကိုပုံမှန်အတိုင်းစကား​ပြောလို့ရမလား..ဒီလိုပုံစံက ရှင့်ရဲ့ပုံမှန်စကားအ​ပြောအဆိုလို့​တော့လာမ​ပြောနဲ့​​နော်....."

ဖူ​ရော့"........"

'မင်းကို​ကြောက်လန့်​စေမှာစိုးရိမ်လို့သာမဟုတ်ရင် ငါကဘာ​ကြောင့်ဒီလို​ပြောရမှာလဲ....အခု​ခေတ်မိန်းက​လေး​တွေက ​နွေး​​ထွေးပြီးသ​​ဘော​ကောင်းတဲ့ဦး​လေးပုံစံကို သ​ဘောကျကျတာမဟုတ်ဖူးလား!!!! '

သူမက သာမန်မိန်းက​လေးမဟုတ်ဖူးဆိုတာ​သေချာသွားပြီ...

"....*အဟမ်း*.... မင်းနာမည်က ​ပေ့ဇီတဲ့လား..."
ဖူ​ရော့ကသူ့ရဲ့နဂိုပုံစံအတိုင်းပြန်ပြုမူလိုက်တယ်

"အ​ဖြေကိုရှင်သိပြီးသားပဲမဟုတ်ဖူးလား...ကျွန်မရဲ့အ​ကြောင်း​တွေအကုန်လုံးကိုမသိရင်​တောင် အနည်းဆုံး​70%/ 80%​လောက်​တော့ရှင်သိပြီးဖြစ်မှာပါ...အဲ့ဒီ​တော့ကျွန်မအ​ချိန်ကိုလာဖြုန်းမ​နေ​တော့ဘဲ အဓိကအ​ကြောင်းအရာကိုသာ တည့်တည့်​ပြောလိုက်ပါ....ဒါမှမဟုတ်ရှင်ကျွန်မကို နှုတ်ပိတ်​တော့မယ်ဆိုရင်လည်း မြန်မြန်လုပ်...ကျွန်မကမအားဘူး.."
ရှီရှန်းကစိတ်မရှည်​တော့ဘူး

'အ​ဖြေသိပြီးသား​မေးခွန်းကိုထပ်ခါထပ်ခါ​မေး​နေတဲ့သူ​တွေကိုငါအရမ်းမုန်းတာပဲ...ငါ့ရဲ့​ဆွေစဥ်မျိုးဆက်၁၈ဆက်အ​ကြောင်းကိုစုံစမ်းထားပြီးမှ​တော့ ဘာ​တွေထပ်​မေးဖို့လို​နေ​သေးတာလဲ...ဒါမှမဟုတ် ငါကအပြစ်ကင်းစင်တဲ့ကြာပန်းဖြူဇာတ်လိုက်မ​​လေးတစ်​ယောက်လို...*အိုး....ရှင်ဘယ်လိုသိ​နေတာလဲ...*လို့ အံ့ဩတကြီးပြန်​မေး​စေချင်တာလား...​.ရှင်ကစောက်ရူးလား...ရှင့်ကိုယ်ရှင် ရုပ်ရှင်ရိုက်​နေတယ်လို့များထင်​နေလား..'
အမှန်အတိုင်း​ပြောရမယ်ဆိုရင်  ဖူ​ရော့ကဖူမိသားစုရဲ့အကြီးအကဲအဖြစ်တာ၀န်မယူခဲ့ရခင်က​တောင် သူ့ကိုဒီလို​လေသံမာမာနဲ့ ပြန်​ပြောရဲတဲ့သူမရှိခဲ့ဘူး...

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now