19

2.4K 190 11
                                    

Yoongiတစ်ယောက်Namjoonဂရုစိုက်မှုတို့ကြားအတော်ပျော်နေသည်။ဆေးရုံကိုရက်မပျက်ပင်နေ့စဥ်ရက်ဆက်လာကာဂရုစိုက်ပေးသောNamjoonအားYoongiပိုချစ်လာရသည်။

"ကလေးလေး.....အိပ်ချင်လား....ကိုယ်ချော့သိပ်ရမလား"

"မအိပ်ချင်ပါဘူး....ဦးယေးကြီးပုံပြောတာနားထောင်ချင်တယ်"

"ပုံပြင်လား"

"အင်း"

ပြုံးပြုံးလေးပြောလာတဲ့ကလေးကတကယ်နားထောင်ချင်ပုံပင်Namjoonကုတင်ပေါ်တက်လိုက်ကာသူပါဝင်လှဲရင်းကောင်လေးကိုရင်ခွင်ထဲထည့်လိုက်သည်။

"ဟိုရှေးရှေးတုန်းကကြောင်မလေးတစ်ကောင်ရှိတယ်တဲ့..."

"အင်း"

"အဲ့ကြောင်မလေးကအရမ်းချမ်းသာတဲ့မိသားစုကကြောင်မလေးပေါ့....အရမ်းဂရုစိုက်ခံရပြီးတစ်အိမ်လုံးရဲ့အချစ်တော်လေးပေါ့"

"အင်း"

"တစ်နေ့မှာအဲ့ကြောင်မလေးကလမ်းပေါ်ကအရမ်းရိုင်းတဲ့ကြောင်ထီးကြီးကိုကြိုက်မိသွားတယ်တဲ့"

"အင်း"

"အဲ့ကြောင်မလေးကအချစ်ကြောင့်မျက်စိစုံမှိတ်ပြီးအဲ့ကြောင်ထီးကြီးနောက်လိုက်သွားခဲ့တယ်"

"အင်း"

"အဲ့ကြောင်ထီးကအစကသူ့ကိုကြည့်မရပေမယ့်....နောက်တော့ချစ်မိသွားတယ်....ဒါပေမယ့်သူ့လိုလမ်းပေါ်နေတဲ့သူကဒီကြောင်မလေးကိုဘယ်စောက်ရှောက်နိုင်ပါ့မလဲ.....အဲ့တာကြောင့်သူ့အိမ်ကိုပြန်ပို့ပေးလိုက်တယ်"

"မပို့နဲ့"

Yoongiဆီကမျက်စောင်းလေးအပြင်ဆူဆောင်သံလေးကပါတစ်ဆက်တည်း.....

"ဘာလို့လဲ.....ကြောင်မလေးကအစစအရာရာပြည့်စုံနေတဲ့ဘဝကနေဘာလို့အန္တရယ်များတဲ့ဘဝကိုနေရမှာလဲ"

"ချစ်လို့လေ....ကြောင်ထီးသာတကယ်ချစ်ရင်ကာကွယ်ရမှာပေါ့"

"ဒါပေမယ့်ကြောင်မလေးပင်ပန်းမှာမကြည့်ရက်ဖူးလေ"

"ကြောင်မလေးကလည်းပသ်ပန်းပေမယ့်ကြောင်ထီးလေးနဲ့သာဆိုတသက်လုံးပျော်နေမှာ"

INNOCENT(comlplete)Where stories live. Discover now