12

2.6K 223 42
                                    

Namjoonအိပ်ခါနီးရေချိုးနေမိသည်။လန်းလန်းဆန်းဆန်းဖြစ်ချင်တာလဲပါတာပေါ့.....

"ခစ်ခစ်ခစ်....ဟီးဟီး"

Yoongiရီသံကြောင့်Namjoonကျနေတဲ့ရေဘားကိုခဏပိတ်လိုက်သည်။သူ့အခန်းထဲကမို့နားစွင့်နေလိုက်သည်။

"Yoongiထွက်မပြေးနဲ့နော်"

"မရဘူး.....အကိုForthပေါင်ကဒဏ်ရာနဲ့တောင်ပြေးနိုင်တာ....မိရင်သားကိုအနိုင်ကျင့်မှာ"

"လာခဲ့"

"ဟီးဟီး...ခစ်"

Namjoonဘယ်လိုမှသည်းအခံနိုင်တော့တာကြောင့်တဘက်အမြန်ပတ်လိုက်ကာအသံလာရာဆီဦးတည်လိုက်သည်။

"မင်းတို့ဘာလုပ်နေတာလဲ"

Namjoonအံကြိတ်ရင်းဒေါသကိုထိန်းကာမေးလိုက်သည်။သူဝင်လာတော့ခေါင်းအုံးတွေကြားမှာYoongiပေါ်အုပ်မိုးထားတဲ့Forth....

"သားတို့ဆော့နေတာပါ....ဟီး....အကိုForthကကလိထိုးနေလို့"

"မင်းလာခဲ့"

Namjoonလက်ကောက်ဝတ်ကနေလှမ်းဆွဲကာYoongiကိုဆွဲခေါ်လိုက်သည်။သူ့ကိုယ်လေးပေါ်အုပ်မိုးထားတဲ့Forthကိုဒေါသတကြီးဆောင့်တွန်းလိုက်သည်။

"ဦးယေးကြီး....အကိုForthကိုအဲ့လိုမလုပ်ပါနဲ့....သူကဒဏ်ရာကြီးနဲ့လေ"

"တောက်!....မင်းလင်ကိုတော်တော်စိတ်ပူနေတယ်ဟုတ်လား"

Namjoonရဲ့အော်သံကအခန်းတွင်းပဲ့တင်သံအထပ်ထပ်.....Yoongiသူ့အသံကြောင့်မျက်ရည်တို့ဝေ့သီသွားကာNamjoonသူ့လက်ကိုဆုပ်ကိုင်ထားတဲ့ဆီကအတင်းရုန်းကာအခန်းထဲကထွက်သွားသည်။

Namjoonလည်းရင်ထဲလစ်ဟာသွားသလိုသူ့ရင်ဘက်သူအုပ်ကိုင်ရင်း

*ဒါ....ငါ့ကိုစွန့်ပစ်သွားတာလား*

Forthကတော့ကုတင်ပေါ်ကဆင်းလာကာNamjoonပခုံးကိုဆုပ်ကိုင်ရင်း

"ငါတို့တကယ်ဆော့နေတာပါ"

ရယ်ကျဲကျဲလုပ်ကာထွက်သွားတဲ့Forthကိုစိတ်ရှိလက်ရှိရိုက်သတ်ပစ်ချင်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"Yoongi..."

Namjoonအနားတိုးကပ်သွားလိုက်သည်။စတိုခန်းထဲကအခန်းထောင့်မှာဆောင့်ကြောင့်လေးထိုင်ကာငိုနေတဲ့Yoongi

INNOCENT(comlplete)Where stories live. Discover now