4

3.1K 269 16
                                    

ထားခဲ့မယ်ဟုတွေးထားသော်လည်းလမ်းတစ်ဝက်ရောက်မှ....ကလေးသာသာကောင်လေးဒက္ခရောက်မှာစိုးလို့ပြန်လှည့်ခေါ်ခဲ့ရသည်။

"လာတက်"

အဲ့လိုကျတော့စပ်ဖြီးဖြီးနဲ့တက်လာသည်။

"ဦးယေးကြီးသားချမ်းတယ်"

ဆိုင်းကယ်မောင်းထွက်ခါနီးကျမှအဲ့ကလေးကချမ်းတယ်ပြောလာသည်...အေးလေ...အပေါ်ပိုင်းအကျီမှမပါတယ.....သူအပေါ်ကုတ်ကိုချွတ်ကာပေးလိုက်သည်။

"ဦးယေးကြီးသွေးပေနေတယ်....ရန်ချစ်လာတာလား"

"စကားများတယ်ကွာ.....ယူမှာလားမယူဘူးလား"

Yoongiလည်းNamjoonပေးတဲ့ကုတ်ကိုဝတ်လိုက်သည်။Namjoonကတော့ချိုင်းပြတ်နှင့်.....ချမ်းတဲ့ပုံလဲမပေါ်.....Namjoonမောင်းဖို့ခါးကိုကိုင်ဖို့သတိပေးမယ်လုပ်တော့....သတိပေးစရာတောင်မလို...ဟိုကအသားယူလိုက်တာဆိုတာ....6packကိုတောင်လိုက်ပွတ်နေသေးသည်။

"ဦးယေးကြီးကျောက်ခဲတွေချားထားတာလား....ဗိုက်ကြီးမာယေတယ်"

Namjoonလည်းကလေးတစ်ယောက်လိုဘာမှမသိတဲ့ကောင်လေးကြောင့်ရီတောင်ရီချင်မိသည်။

"စကားမများနဲ့..."

➖➖➖➖➖➖➖➖➖➖➖➖➖➖

Namjoonသူ့အိမ်ရောက်တော့အတော်ပင်မှောင်နေပြီ....ဟိုကောင်လေးကိုမတတ်သာတာမို့ခေါ်လာရသည်။ပြောလို့သာယုံရတာ....အိမ်လိပ်စာမသိဘူးဆိုတာတော့ဖြစ်နိုင်မယ်မထင်ဘူး.....

သူ့အိမ်ရောက်တာနဲ့....Sofaပေါ်ပြေးတက်သွားသည်။

"အောက်မှာဆင်းထိုင်"

Namjoonပြောလဲဂရုမစိုက်သလို.....

Namjoonစိတ်တိုတာအဲ့တာမျိုးတွေ....

"မင်းငါ့အိမ်မှာဒီတစ်ညပဲနော်.....မနက်ဖြန်ပြန်လိုက်ပို့မှာ"

Namjoonပြောရင်းမီးဖိုချောင်ထဲဝင်သွားလိုက်သည်။ထိုအကောင်ပေါက်ကပါလိုက်လာသည်။

"ဦးယေးကြီး....ဗိုက်ချာတယ်"

Namjoonလည်းစိတ်ပျက်လက်ပျက်သက်ပြင်းချမိသည်။ကိုယ်တောင်ပျင်းလို့ညစာမစားတာနှစ်ပင်အတော်ကြာပြီ....အခုကလည်းကော်ဖီသောက်ဖို့ဖြစ်သည်။အဲ့တာက်ုဟင်းချက်မယ်ထင်လို့လားမသိ...ဗိုက်ဆာတယ်လာပြောနေတယ်....

INNOCENT(comlplete)Where stories live. Discover now