" ငါအနားယူလို့ပြီးသွားရင် ငါသွားမှာပါ "
ရှီပုဖန် သူ့မျက်လုံးတွေမှိတ်လိုက်ပြီး ပြန်အိပ်ပျော်တော့မလိုဖြစ်သွားသည်။

နာရီလက်တံက ဖြည်းညင်းစွာနဲ့ နံပါတ်ခြောက်ကိုထိသွားတဲ့အချိန်မှာတော့ ကျန်းယွမ်ပိုင်ခေါင်းတွေပေါက်ကွဲတော့မည့်အလားပင်။ သူ့ကိုယ်ပေါ်မှာ ကြက်သီးမွေးညင်းတစ်လွှာပေါ်လာပြီး မတတ်နိုင်ဘဲ ထ၍ရှီပုဖန်ကိုသွားဆောင့်ဆွဲရတော့သည်
" ငါမင်းကို ပြန်ပို့ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ? "

ရှီပုဖန်က သူ့ကိုကြည့်ဖို့အတွက် မျက်လုံးတစ်လုံးဖွင့်လာကာ
" ငါထွက်သွားအောင်လုပ်ဖို့ မင်းဘာလို့ အဲ့လောက်ထိဆန္ဒစောနေရတာလဲ? "

သေချာပေါက်ကို မင်းရဲ့မကောင်းတဲ့နာမည်ဂုဏ်သတင်းကြောင့်ပေါ့ကွ!!

ကျန်းယွမ်ပိုင် ပြောစရာစကားပျောက်ရှသွားသည်။
" ငါက မင်းအတွက်စဉ်းစားပေးရုံပါ။ မင်းက အခြားသူငယ်ချင်းတွေနဲ့ တွေ့ဖို့စီစဉ်ပြီးပေမဲ့ မင်းအခုထိသူတို့ကို ပြန်မပြောရသေးဘူးလေ။ မင်း သူတို့ကို အကြာကြီးစောင့်နေရအောင် လုပ်မလို့လား? "

ရှီပုဖန်က ခပ်ယဲ့ယဲ့ပြောလိုက်၏
" အဆင်ပြေပါတယ်..ငါ့ခေါင်းကနာနေတယ်လေ။ ငါနောက်ကျ သူတို့ကိုရှင်းပြလိုက်တာနဲ့ သူတို့နားလည်သွားပါလိမ့်မယ်"

"ဒါဆို မင်းဒီနေရာမှာ ဘယ်လောက်ကြာကြာဆက်နေဖို့ စီစဉ်ထားတာလဲ?"
ကျန်းယွမ်ပိုင်၏အကြည့်က နောက်တစ်ကြိမ်နာရီပေါ်သို့ ကျရောက်သွားပြန်သည်။ သူစိတ်ပူပန်လွန်းလို့ ငိုချမိမတတ်ပင်။

ရှီပုဖန်က သူ့နှလုံးသားထဲကနေ တစိမ့်စိမ့်ချင့်ချိန်တွေးဆကြည့်နေမိ၏။

တိတိကျကျကို ဘာလို့ ကျန်းယွမ်ပိုင်က ဒီလောက်တောင် စိုးရိမ်ပူပန်နေရတာလဲ? သူကျောင်းမှာ သူငယ်ချင်းတွေဖွဲ့ထားတာကို သူ့မိဘတွေသိသွားမှာ စိုးရိမ်နေတာလား? အဲ့လိုဆိုရင် အဲ့ဒါက မြီးကောင်ပေါက်လေးတွေရဲ့အချစ်ဖြစ်နေမှန်း သူတို့သိသွားကြမှာပေါ့!

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now