ထို့နောက် စက္ကန့်ကနေ မိနစ်ပိုင်းခန့် ကူးပြောင်းလာတဲ့အချိန်မှာတော့ မှော်စက္ခရဲ့ လျှာက သူ့ရဲ့ခံတွင်းထဲ နေရာအနှံ ကျူးကျော်ပြီးနေပြီ။အသားကုန် စုပ်ယူခံရတဲ့ နူတ်ခမ်းသားလေးတွေလည်း အလွှာပါးလေး ပေါက်ပြီး သွေးစို့တက်လာလေသည်။

"ပြွတ်"

နောက်ဆုံး တစ်ချက်အနေနဲ့ ပြွတ်ခနဲ ရှက်စရာ အသံမြည်အောင် စုပ်ယူပြီးမှ လွတ်ပေးလေသည်။

ထို့နောက် တချိန်တည်းမှာပဲ..

"ဖြောင်း"

အသားကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သံက ကားထဲက တိတ်ဆိတ်​ေနတဲ့ လေထုကို ဖြိုခွဲသွားသည်။

ဟုတ်တယ်။လေညှင်း သူ့ကို ပါးရိုက်လိုက်တာ။

ရှည်ကြာတဲ့ အနမ်းဆုံးမှာ လေညှင်းကို ရီဝေဝေ ကြည့်ပြီး ထပ်နမ်းဖို့ပြင်နေတဲ့ မှော်စက္ခကို လက်ဖဝါးနဲ့ ခပ်ပြင်းပြင်း တစ်ချက်ရိုက်ချလိုက်တာါ။သူ့ရိုက်ချက်ကြောင့် မေးရိုးထင်းပြီး ချောမောတဲ့မျက်နှာက ဘေးဘက်ကို လည်ထွက်သွားသည်။

မှော်စက္ခ ရိုက်ခံလိုက်ရတဲ့ ပါးတစ်ဖက်ကို ကိုင်ပြီး ပေါင်ပေါ်က အသေးလေးကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပြီး ပါးစောင်ကို လျှာနဲ့ ထိုးလိုက်သည်။

ခဏနေတော့ နီရဲသွားတဲ့ လူဆိုးကောင်မျက်နှာကို ကြည့်ပြီး အသိစိတ်ပြန်ဝင်လာမိသည်။အဲ့ဒီတော့မှ
အတင်းအကြပ် နမ်းခံရလို့ ဒေါသစိတ်ကို မထိန်းနိုင်ပဲ ရိုက်မိသွားတာရယ် မှော်စက္ခကို ကြောက်တဲ့စိတ်ရော ရှက်စိတ်ပါ ရောပြီး လေညှင်း အသားတွေ တဆတ်ဆတ် တုန်လာကာ ငိုရှိိက်မိတော့သည်။

"အင့်..ဟင့်"

ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ သူ့လက်နှစ်ဖက်က ပိုပြီး တင်းကျပ်လာတာ​ကြောင့် လေညှင်းကိုယ်ထဲ သူ့ရဲ့အပူငွေ့တွေ စီးဆင်းလာသလို ခံစားလာရသည်။

ထို့ပြင် ကားထဲမှာ သူနဲ့နှစ်ယောက်တည်း ရှိနေတယ် ဆိုတဲ့အသိစိတ်က လေညှင်းကိုပိုတုန်လှုပ်စေသည်။
လူသတ်ငွေ့တွေ တမဟုတ်ချင်း ဖုံးလွှမ်းလာတာ သူခံစားရမိသည်။

စေလိုရာစေ(Completed)Where stories live. Discover now