"ငါ့ကိုလွှတ်ပေးပါ..မှော်စက္ခ..မင်းစကားပြောချင်တယ်ဆို ကောင်းကောင်းပြောရအောင်..ဒီအနေထားကြီးက မ..မသင့်တော်ဘူး"

မှော်စက္ခ ခပ်ချဥ်ချဥ် ပြုံးလိုက်ပြီး..

"မသင့်တော်ဘူး..ဟုတ်လား..ခင်ဗျားတောင်မှ ကျုပ်ရှိနေရက်နဲ့ ရည်းစားဟောင်းနဲ့ လူမြင်ကွင်းမှာ ကလူနေသေးတာပဲ..အဲ့ဒါကရော သိပ်ကိုသင့်တော်နေသလား"

"ဘာ..မင်း စကားပြောတာ..ရိုင်းမလာနဲ့..မှော်စက္ခ..ငါ့ဘာသာ တွေ့ချင်တဲ့သူနဲ့ တွေ့မယ်..မင်းမှာပြောပိုင်ခွင့်မရှိဘူး..ပြီးတော့ ငါက မင်းချစ်သူလည်းမဟုတ်ဘူး"

မှော်စက္ခ နူတ်ခမ်းထောင့်စွန်း တစ်ဖက် ကွေးတက်သွားအောင် ပြုံးလိုက်ပြီး..

"ကျုပ်ရိုင်းလာအောင် ခင်ဗျားကပဲ လုပ်နေတာမဟုတ်ဘူးလား..လေညှင်းသွဲ့..ဟမ်..ခင်ဗျားပြောစမ်းပါ..ကျုပ်ကို လိမ်ပြီး ရည်းစားဟောင်းနဲ့ ခိုးကြောင်ခိုးဝှက် တွေ့နေရတာ..သိပ်ကိုပျော်စရာကောင်းနေလား..​ပြောစမ်းပါ..ခင်ဗျား..ကျုပ်လိုကောင်ကို လွယ်လွယ် အရူးလုပ်လို့ရတယ် ဆိုပြီး တော်တော်မှ စိတ်ကျေနပ်စရာကောင်းနေရဲ့လား"

"ပျော်တယ်..သိပ်ကို ပျော်တယ်..မင်းကြားချင်တာ ဒါမလား..ဟုတ်တယ်..မင်း ငါ့အနားမှာ တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေတဲ့အချိန်..တစ်စက္ကန့်လောက်လျော့သွားရင်ကို လှောင်အိမ်ထဲက လွတ်သွားသလိုမျိုး.. ငါ အရမ်းကို လွတ်လပ်ပျော်ရွင်သွားတာ"

"ခင်ဗျား!!"

"တောက်!!"

"ဒီလိုဆိုရင်ရော!ခင်ဗျား ပျော်နိုင်သေးလား!"

တောက်ခေါက်သံအဆုံးမှာတော့ ရုတ်တရတ်ဆိုသလို မှော်စက္ခရဲ့ လက်ကြမ်းကြမ်းကြီး နှစ်ဖက်က သူ့ခေါင်းကို အတင်းဆွဲယူပြီး နူတ်ခမ်းသားနုနုကို မိုက်ရူးရဲဆန်စွာ နမ်းရှိုက်လာ​ေတာ့သည်။

"အွန်း..ဖယ်..ဖယ်ပေး"

သူရှိသမျှ အင်အားနဲ့ ကြွက်သားအပြည့် ရင်ဘတ်ကို ထုရိုက်ပြီး ကြမ်းတမ်းတဲ့ အနမ်းတွေကို ရပ်တန့်သွားဖို့ ရည်ရွယ်သော်လည်း မှော်စက္ခရဲ့ အင်အားက သူနဲ့ဆို ဆင်နဲ့ဆိတ်။ဒီလို အချိန်မျိုးမှာ သေးညှပ်နေတဲ့ ကိုယ့်ခန္ဓာကိုယ်သာ အပြစ်တင်မိသည်။

စေလိုရာစေ(Completed)Where stories live. Discover now