နှစ်တိုင်းကျောင်းသားတွေက ဒီ​တောင်ကို​လေ့လာ​ရေးခရီးထွက်ကြတယ်

ယောကျ်ားလေးနဲ့မိန်းကလေးတွေကကိုယ့်တာဝန်နဲ့ကိုယ်အလုပ်လုပ်ကြရတယ်မိန်းကလေးတွေရဲ့တာဝန်ကချက်ပြုတ်ရတာဖြစ်ပြီးယောကျ်ားလေးတစ်ဝက်ကဟင်းချက်ဖို့အတွက်အမယ်တွေကိုစုဆောင်းရပြီးနောက်တစ်ဝက်ကတော့တဲထိုးရတယ်

ယောကျ်ားလေးအနည်းငယ်ကရှီရှန်းကိုပစ္စည်းတွေကူပြီးသယ်ပေးတယ်သူတို့ကိုအချို့မိန်းကလေးတွေကလှောင်ပြီးရယ်ကြတယ်

"ဒီကောင်တွေကဘယ်လိုဖြစ်နေတာလဲ,အခုလေးတင်ငါတို့က ကူပေးပါဦးလို့ပြောတော့ငြင်းပြီးတော့ပေ့ဇီကိုကူပေးဖို့ကြတော့လုနေကြတယ်"

"ဘယ်သူကများသူမကိုလှပြီးချမ်းသာတယ်လို့ပြောလိုက်တာပါလိမ့်''

"သူမကိုအဲ့လိုတွေကူညီပေးတော့ကောဘာပြန်ရမှာမလို့လဲအခုပဲကြည့်ဦးသူမကအဲလောက်အေးစက်စက်ဆက်ဆံနေတာကြီးကို"

ရှီရှန်းရောကောင်လေးတွေရောကအဲဒီအသံတွေကိုအကုန်ကြားလိုက်ရတယ်သူတို့ကအချိန်ခနလောက်အကြာအထိရှီရှန်းကိုအကဲခတ်တယ်ရှီရှန်းကပုံမှန်ပဲမလို့ပစ္စည်းတွေကိုနေရာချပေးခဲ့ပြီးတော့သူ့တို့နေရာကိုပြန်သွားကြတယ်

ရှီရှန်းရဲ့တဲကဖူချင်းရဲ့တဲထက်ပိုကြီးတယ်ဖူချင်းကတဲနှစ်ခုကိုခနလောက်အကြာစိုက်ကြည့်နေပြီးတော့ရှီရှန်းတဲထဲကိုဝင်သွားတယ်

ရှီရှန်းကသူ့ကိုချက်ချင်းပဲအပြင်ကိုဆွဲထုတ်တယ်
'ဒီကောင်စုတ်ကငါ့တဲကိုခိုးချင်နေသေးတယ်ဒင်းကငါ့ကိုဒေါသထွက်ပြီးသေအောင်လုပ်နေတာပဲ'

ဖူချင်းကတဲရဲ့ဝင်ပေါက်ကိုဆွဲလိုက်ပြီးတော့ပြောတယ်
''မင်းငါ့ကိုဒီမှာဝင်အိပ်ခိုင်းမလားဘယ်သူ့မှအိပ်လို့မရအောင်လုပ်ပစ်လိုက်ရမလား''

ရှီရှန်းကဖူချင်းကိုဆွဲ,အံကိုကြိတ်ပြီးမေးလိုက်တယ်
"ငါနင့်ကိုသတ်ပစ်မှာဆိုရင်ကောနင်ယုံလား"

"အဲ့ဒါဆိုလည်းနှစ်ယောက်လုံးသေလိုက်ကြမယ်လေ"
ဖူချင်းကရှီရှန်းကိုအပြင်ကိုထုတ်ပြီးဇစ်ကိုဆွဲပိတ်ပစ်လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now