အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်တို့ သံ​ယောဇဥ်​တွေ ရစ်ပတ်လာ​စေဖို့ သူတို့နှစ်​ယောက်က တစ်ဖွဲ့ထဲမှာ တူတူရှိ​နေရမယ်ဆိုတာ ၀တ္ထုရဲ့စည်းမျဥ်းစည်းကမ်းပဲ

ရှီရှန်းက ​ပေ့ကျဲ့ကိုကရုဏာသက်စွာကြည့်လိုက်တယ် အစတုန်းက​တော့ ဒီ​ကောင့်ကိုရူး​နေတယ်လို့ ထင်မိခဲ့​ပေမယ့် သူကတကယ်​တော့ ​ပေ့ဇီကိုကြိုက်​နေတာပဲ...

မူရင်းဇာတ်​ကြောင်းမှာ ဒီအ​ကြောင်းကို​ဖော်ပြမထားဘူး ဒါ​ပေမယ့် ​သေ​သေချာချာအာရုံစိုက်ကြည့်မယ်ဆိုရင် ​ပေ့ကျဲ့ကသူ့ညီမ​လေးကို ​နောက်ကွယ်က​နေ တစ်ချိန်လုံးဂရုစိုက်​ပေး​နေတယ်ဆိုတာ ​တွေ့ရလိမ့်မယ်

စာ​ရေးဆရာက ​ပေ့ဇီရဲ့​ပေ့ကျဲ့အ​ပေါ်ခံစားချက်​တွေကိုပဲ မြင်သာ​အောင်​ရေးပြီး အဓိကဇာတ်လိုက်နှစ်​ယောက်ရဲ့ချစ်ခြင်း ကို​ပေါ်လွင်​စေခဲ့တာ..ဒါ​ပေမယ့် ​ပေ့ကျဲ့ရဲ့ခံစားချက်အ​သေးစိတ်ကို​တော့ ထည့်ဖို့​မေ့သွားခဲ့ပုံပဲ....

​မူရင်းဇာတ်​ကြောင်းမှာပေ့ဇီရဲ့ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်​တွေ​ကြောင့်သာမဟုတ်ရင် ​ပေ့ကျဲ့လည်း စိတ်​ပြောင်းသွားမှာမဟုတ်ဖူး

အခု​တော့ ​ပေ့ကျဲ့ရဲ့ နှလုံးသားက ​ပေ့ဇီဘက်ကိုသိသိသာသာတိမ်းညွတ်​နေပြီ

အသင်းတွေစုပြီးတာနဲ့ပထမဦးဆုံးတာဝန်ကတောင်တက်ရမယ် ပြီးတော့တောင်ထိပ်ကိုအရင်ရောက်တဲ့သူကဆုလာဘ်အ​နေနဲ့ အထူးညစာစားခွင့်ရမယ်

ရှောင်းယန်တောင်ထိပ်ကိုရောက်ဖို့လမ်းတွေကအများကြီးရှိတယ် ပြီးတော့အသင်းတိုင်းကကိုယ်ရွေးချင်တဲ့လမ်းကိုရွေးလို့ရတယ်ပန်းတိုင်ကတော့ရှောင်ယန်းတောင်ထိပ်မှာရှိတဲ့အပန်းဖြေနားနေစခန်းမှာပဲဖြစ်တယ်

ရှီရှန်းတို့အဖွဲ့က ခက်ခဲတဲ့လမ်းကို​ရွေးမိ​ပေမယ့် အဲ့ဒီလမ်းက ​သေချာ​ပေါက်ကို တို​တောင်းတယ်

အစပိုင်းတုန်းကတော့သူတို့ကိုင်တွယ်နိုင်သေး​ပေမယ့်နောက်ပိုင်းကျတော့အငြင်းပွားမှုတွေဖြစ်ပြီးရန်ပွဲတွေဖြစ်လာတယ်
ဖူချင်းနဲ့ရှီရှန်းကတော့အုပ်စုရဲ့နောက်ဆုံးမှာနေတယ်ဖူချင်းရဲ့ကာယစွမ်းရည်ကနည်းပါးတာ​ကြောင့်သူ့မျက်နှာကဖျော့တော့နေပြီးတော့လှုပ်ရှားမှုတွေကနှေးလွန်းတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now