စားလို့ပြီးသွား​တော့ ​ပေ့သခင်မကြီးက ကျင်း​ရှောင်ယွီကို​ခေါ်သွားပြီး ​ပေ့သခင်ကြီးကလည်း အလုပ်လုပ်ဖို့ထသွားတာ​ကြောင့် စားပွဲမှာ ​ပေ့ဇီနဲ့​ပေ့ကျဲ့ပဲကျန်ခဲ့တယ်

ရှီရှန်းက ဖုန်းသုံးရင်းနဲ့ လဖက်ရည်​သောက်​နေတယ်
'​ပေ့ကျဲ့ကဘာလို့ထမသွား​သေးတာလဲ...'

"​ပေ့ဇီ..."
​ပေ့ကျဲ့က ရှီရှန်းကိုရုတ်တရပ်​ခေါ်လိုက်တာ​ကြောင့် သူမလည်း​ခေါင်းကို​မော့လိုက်တယ်

'နင်ဘာလုပ်ချင်လို့လဲ..ဇာတ်လိုက်​ကောင်..'

​ပေ့ကျဲ့ကသူမကို အချိန်အ​တော်ကြာ​အောင်စိုက်ကြည့်​နေပြီး ​နောက်ဆုံးမှာ​တော့ သူ့ကိုယ်သူဖိအား​ပေးကာစကားတချို့​ပြောလိုက်တယ်

"မင်းမှာ ​ပြောစရာတစ်ခုခုမရှိဘူးလား.."

"ဘာကိုလဲ...."

'ဘာလဲ..ငါကနင့်ကိုဂုဏ်ပြု​ပေးရအုံးမှာလား...နိုး​နော်...မဖြစ်နိုင်ဘူး..ငါတို့က ဘယ်မှာရင်းနှီးလို့လဲ...'

​ပေ့ကျဲ့က ရှီရှန်းရဲ့ ဂရုမထားတဲ့အ​ဖြေ​ကြောင့် ​ဒေါသထွက်သွားပုံ​ပေါ်ပြီး ထမင်းစားခန်းထဲက​နေ ၀ုန်းဒိုင်းကျဲပြီးထွက်သွားတယ်

'ဇာတ်လိုက်​တွေဘာစဥ်းစား​နေတယ်ဆိုတာကို တကယ်ပဲနားမလည်နိုင်​တော့ဘူး....'

​ပေ့ဇနီး​မောင်နှံက အိမ်​တော်ပဲ ၂ရက်ပဲ​နေသွားကြပြီး ကျင်း​ရှောင်ယွီကလည်း တစ်ချိန်လုံးနီးပါး အိမ်ကို​ရောက်​နေတယ် ဒီအချိန်အတွင်းမှာ ကျင်း​ရှောင်ယွီက အမှား​တွေတစ်ခုပြီးတစ်ခုလုပ်မိ​ပေမယ့် ​ပေ့ဇနီး​မောင်နှံက အဲ့ဒါကို မမြင်ချင်​ယောင်​ဆောင်​ပေးထားကြတယ်

သူတို့မပြန်ခင်မှာ ကျင်း​ရှောင်ယွီကို အိမ်မှာထပ်​နေသွားဖို့​တောင် မှာသွားလိုက်​သေးတယ် ကျင်း​ရှောင်ယွီက *တတ်နိုင်သ​လောက်ငြင်းဆန်*​သေး​ပေမယ့်လည်း ​နောက်ဆုံးမှာ​တော့ သူတို့ရဲ့ဖိတ်ကြားမှုကို ရှက်​သွေးဖြာစွာပဲ လက်ခံလိုက်ရတယ်

​ပေ့အိမ်​တော်မှာ ထပ်​နေရတာနဲ့တစ်ပြိုင်နက် ဒီတစ်ကြိမ်မှာ​တော့ ကျင်း​ရှောင်ယွီက ​ပေ့ကျဲ့နဲ့အတူ ၄လွှာမှာပဲ​နေချင်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Donde viven las historias. Descúbrelo ahora