ဒီလိုမျိုးလစ်လျူခံရပြီးပြောမပြနိုင်လောက်အောင်စိတ်နာခဲ့တာကြောင့်ပေ့ဇီပျက်စီးသွားတာအံသြစရာမရှိပါဘူး

ရှီရှန်းက အပေါ်ကိုတက်ပြီးသူမအဝတ်လဲလိုက်တယ်
.............

ထမင်းစားချိန်ရောက်တဲ့အခါမှာဦးလေးဟယ်ကသူ့ကိုအောက်ကိုဆင်းဖို့ခေါ်တယ်အစတုန်းကတော့သူမ မသွားချင်ပေမဲ့ဇာတ်လိုက်မရှိနေတာကြောင့်သူမသွားပြီးကြည့်ရမယ်

ပြည့်စုံတဲ့နေ့လည်စာကိုခင်းကျင်းထားတယ်ရှီရှန်းအောက်ကိုဆင်းလာတဲ့အခါမှာနေ့လည်စာကိုစစားနေကြပြီ

"ရှောင်ဇီ.,နက်ကအိမ်မှာရှိနေတာလား"
ကျင်းရှောင်ယွီကပေ့ဇီကိုတအံတသြပြောတယ်
"ရှောင်ဇီ...ဆောရီးပါ,နင်အိမ်မှာရှိမှန်းမသိလိုက်ဘူး,အဲ့ဒါကြောင့်ငါတို့နင့်ကိုမစောင့်ဘဲစားလိုက်တယ်"

ရှီရှန်းကခုံကိုဆွဲယူလိုက်ပြီးတော့ကျင်းရှောင်ယွီကိုစိုက်ကြည့်ပြီးထိုင်ချလိုက်တယ်

"ပေ့ဇီ...နင်ဘယ်လိုဖြစ်လို့အဲ့လောက်ထိရိုင်းရတာလဲ"
ပေ့သခင်မကြီးကပြောတယ်
"ရှောင်ယွီသူမကိုဂရုမစိုက်နဲ့ဆက်စားပါ"

ကျင်းရှောင်ယွီကပြုံးပြပြီးတော့ဆက်စားတယ်

ရှီရှန်းက ကျင်း​ရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး အစားအ​သောက်ကိုပဲအာရုံစိုက်​နေလိုက်တယ်
သူမရဲ့အပြုအမူ​တွေက သက်​​တောင့်သက်သာဖြစ်​နေပြီး အထက်တန်းစားသခင်မ​လေးမှန်း​ပေါ်လွင်​နေတယ်
တစ်ဖက်မှာ​တော့ ကျင်း​ရှောင်ယွီက သူ​ဌေးသမီးလှလှ​လေးလိုပြုမူချင်​ပေမယ့် တစ်ခါမှစနစ်တကျသင်ကြား​ပေးခြင်းမခံရဖူးတာ​ကြောင့် ကို့ရို့ကားယားဖြစ်​နေတယ်
သူမကိုကြည့်ရတာ ကျားရုပ်ကိုဆွဲဖို့ကြိုးစား​ပေမယ့် ထွက်လာတာက ​ခွေးရုပ်ဖြစ်​နေသလိုပဲ

​ပေ့ကျဲ့က ကျင်း​ရှောင်ယွီရဲ့မ​သေမသပ်အပြုအမူ​တွေကိုမျက်​မှောင်ကျုတ်ပြီးကြည့်လိုက်တယ်

ကျင်း​ရှောင်းယွီက အနည်းငယ်စိတ်လှုပ်ရှား​နေပုံပဲ
'သူတို့က​တော့ ​အေး​အေး​ဆေး​ဆေးပဲလုပ်သွားတာပဲ..ငါလုပ်​တော့မှ ဘာလို့အရမ်းခက်ပြီးဖိအားများ​နေသလို ခံစားရပါလိမ့်...'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now