ရှီရှန်းကအိမ်တော်ထဲမှာဝင်လာတဲ့အခါမှာရယ်ရယ်​မောမောနဲ့စကားဖောင်ဖွဲ့ပြောနေတာကိုကြားလိုက်ရတယ်
ဧည့်ခန်းထဲမှာကျင်းရှောင်ယွီနဲ့ပေ့ကျဲ့ကကပ်လျက်ထိုင်နေပြီးဘေးမှာသက်လတ်ပိုင်းလောက်ရှိတဲ့စုံတွဲတစ်တွဲပါရှိနေတယ်

ရှီရှန်းကခနလောက်တော့စဥ်းစားနေလိုက်သေးတယ် ပြီးတော့မှဒါကပေ့မိသားစု၀င်တွေဆိုတာကိုသတိပြု​မိလိုက်တယ် သူတို့ကပေ့ဇနီးမောင်နှံပဲဖြစ်တယ်

'သူတို့ကပြန်လာပြီလား..ကျင်းရှောင်ယွီကလည်းပြောင်းလဲသွားလိုက်တာ​ခေါင်းစ​ခြေဆုံးကိုဝတ်ထားတာတွေကနာမည်ကြီးတံဆိပ်နောက်ဆုံးပေါ်တွေချည်းပဲ မျက်နှာမှာလည်းမိတ်ကပ်လိမ်းထားလိုက်​သေးတယ်

သူမကိုကြည့်ရတာအရင်ကထပ်ပိုပြီးတော့ယုံကြည်ချက်တွေရှိနေတဲ့အတိုင်းပဲ...ရင်ဘတ်ကိုကော့ထားပြီးသူမရဲ့ချမ်းသာတဲ့ပုံစံကိုပြသနေလိုက်တာ...
တစ်ကိုယ်လုံး ကbrandတွေကြီးပဲဝတ်ထားပေမဲ့သားနားမနေဘူး...အဲဒီတော့နည်းနည်းလေး တောဆန်နေတယ်လို့​ပြောရမှာ​ပေါ့..'

ပေ့ကျဲ့ကပေ့ဇီကိုပထမဦးဆုံးတွေ့တာဖြစ်ပြီးတော့သူကပေ့ဇီဆီကိုလျှောက်လာရမယ့်အစားမတ်တပ်ရပ်လိုက်ပြီးရေခွက်ကိုကိုင်လိုက်တယ်
"ရေသောက်ပါဦး"

"ကျေးဇူးပါနော်" ကျင်းရှောင်ယွီကရှက်သွေးဖြာစွာပြန်ပြောတယ်

"ငတုံးမလေး"
ပေ့ကျဲ့က ကျင်းရှောင်ယွီရဲ့ခေါင်းကိုပွတ်လိုက်တယ်
" အဖေနဲ့အမေ သား  ရှောင်ယွီကိုဘေးဘီလိုက်ပြလိုက်ဦးမယ်"

"အင်းအင်း သွားသွား,နေ့လည်စာမစားမီပြန်လာနော်"
သူ့အမေကိုကြည့်ရတာကျင်းရှောင်ယွီကိုအရမ်းတွေသဘောကျ​နေပုံပဲ

ပေ့ကျဲ့ထွက်သွားပြီးရှီရှန်းဝင်လာတာနဲ့ပေ့ဇနီးမောင်နံကသူမကိုမေးခွန်းအချို့ကိုမေးတော့တယ်

သူမဆေးရုံတက်ခဲ့စဥ်အခါတုန်းကသူမကိုလူနာလာစောင့်ပေးဖို့မေးခဲ့တယ်ဒါပေမယ့်လည်းသူတို့က၀တ်​ပျေတန်း​ကျေသ​ဘောပဲ​ပြောခဲ့တာ..
အဲ့ဒီတစ်ချက်တည်းနဲ့တင်ရှီရှန်းကပေ့ဇီခံစားချက်ကိုအပြည့်အဝနားလည်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now