သို့ပေမယ့် ထိုအဖြူနှင့်ကောင်လေးမှာလည်း သူ့လက်လေးများကို ထိုလူ့ပုခုံးပေါ် ချိတ်တွယ်လာကာ ပြန်လည်နမ်းရှိုက်လာလေသည်။ ထို့နောက် ထိုလူ့ရင်ခွင်ကို မျက်နှာအပ်လျှက် ငိုရှိုက်လာလေသည်။

"ငါ ပြောစကားလည်း နားထောင်မယ်လေ
မင်းငါ့ကို ကလေးလို့ခေါ်လည်း စိတ်မဆိုးတော့ဘူး။နောက်ဆို မင်းမကြိုက်တာ ဘာမှမလုပ်တော့ဘူး။ဒါကြောင့် ဒီတစ်ခါလေးပဲ ငါ့စကားနား‌ထောင်ပေးပါလားဟင် ငါမင်းမရှိပဲ အသက်ဆက်မရှင်နိုင်လို့ပါကွာ"

ရင်ဘက်ကို မျက်နှာအပ်၍ ငိုရှိုက်ကာ ပြောလာသော ချစ်ရသူလေးဧ။် စကားများကိုကြားရချိန်တွင် သူ့ရင်ကိုအကြိမ်ကြိမ်ဓားနဲ့လှီးနေသလို နာကျင်ရ၏။

သို့ပေမယ့် သူ့အသက်ထက်၊အရာအားလုံးထက် ပိုချစ်သော ထိုလူသားကို အဘယ်ကြောင့် သူ့မျက်စိရှေ့တွင်ပင် ကွယ်ပျောက်သွားခွင့်ပြုနိုင်ပါမည်နည်း။

သူဆက်မရှိနေနိုင်တော့ရင်တောင် သူ့နတ်ဘုရားလေး ဆက်လက်ရှင်သန်သွားနိုင်ရင် သူကျေနပ်နေပြီဖြစ်သည်။

"ကိုယ်လည်း ကျန့်မရှိရင် ဆက်မရှင်ချင်တော့လောက်အောင် ချစ်တာပါကွာ"

______________________________

ရှောင်ကျန့် အိမ်မက်ကြောင့် မျက်လုံးအစုံတို့ပွင့်လာခဲ့ရသည်။
မျက်လုံးအိမ်ထောင့်မှ ကျဆင်းနေသော မျက်ရည်စက်များနှင့် နာကျင်နေသော နှလုံးသားက ဒီအဖြစ်အပျက်များမှာ သူကိုယ်တိုင်ကြုံဖူးခဲ့သလို။

"ဘာလို့ အာ့လောက်တောင် နာကျင်နေရတာလဲကွာ!?"

ရှောင်ကျန့်ကျွတ်တစ်ချက် စုတ်သပ်၍ အိပ်ဆောင်မှထွက်ကာ အခန်းအပြင်သို့ထွက်လာခဲ့လေသည်။ထိန်ထိန်သာနေသော လမင်းကြီးနှင့် လေနုလေအေးများက သူ့နာကျင်မှုကို မသက်သာစေနိုင်ပေ။

ကမ္ဘာပျက်ကပ်ဖြစ်နေပေမယ့်လည်း စခန်းထဲရှိ မေဘယ်လ်ပင်ကြီးကတော့ အစွမ်းကုန်လှပနေတုန်းပင်။

ထို့နောက် ရှောင်ကျန့်လည်း ထိုမေဘယ်လ်ပင်ကြီးအောက်ရှိ ခုံတန်းပေါ်သို့ ထိုင်လိုက်ကာ အကြောင်းအရင်းမရှိပဲ လမင်းကြီးကို ငေးမောနေမိသည်။

 Surviving As A Backup Character[System]Where stories live. Discover now