"......"
ထိုအဖြူနဲ့ ကောင်လေးက ဘာမှဆက်မပြော။
သူ့နှုတ်ခမ်းများကိုသာ ခပ်တင်းတင်းကိုက်ထားကာ အကြည့်တို့ကို သူနဲ့ဝေးရာ တစ်နေရာဆီသာ လွှဲထားလေသည်။

အနက်ရောင်နဲ့ ကောင်လေးက ထိုအပြုအမူတို့ကို စိတ်ဆိုးခြင်းမရှိ။သူဖိကိုက်ထားသော နှုတ်ခမ်းရဲရဲလေးကို ဖြေးညှင်းစွာပင် ဆွဲနမ်းလိုက်ကာ နှုတ်ခမ်းအောက်က မှဲ့နက်လေးကိုပါ ညင်သာစွာ နမ်းရှိုက်လေသည်။

ထိုအခါ တစ်ချိန်လုံးငြိမ်နေသော အဖြူရောင်နဲ့ ကောင်လေးမှာ ထိုကောင်လေး၏ရင်ဘက်ကို ထုရိုက်ကာ...

"အရူးကောင်!.မဟုတ်ဘူး မင်းကတစ်ကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့ ကောင်! မင်းဝိဉာဉ်ကို အဆုံးရှုံးခံမယ်ပေါ့ ဒါဆို ငါကရော...ငါကမင်းအတွက် ဘာလဲ? ပြောပါဦး!! ငါက မင်းမျက်လုံးထဲမှာ မင်းထက် အသက်ဆက်ရှင်ဖို့ကို ပိုအရေးစိုက်တဲ့ ကောင်လား?? ဟမ်?? "

"မငိုပါနဲ့ ကျန့်ရာ...ကိုယ် တောင်းပန်ပါတယ်"

"မင်းငါ့ကို တစ်ယောက်တည်း ချန်ထားရဲရင် ချန်ထားလိုက်! ဒါပေမယ့် မင်းလုပ်လိုက်ပြီးဆိုတည်းက မင်းကိုငါမုန်းလိုက်မှာ၊ငါ့ရင်ထဲက ကိုအပြီးထုတ်ပစ်လိုက်မှာ"

အဖြူရောင်နှင့်ကာင်လေးမှာ ခြိမ်းခြောက်သလိုလေသံမျိုးဖြင့် ပြောနေသော်လည်း ထိုကောင်လေးဘေးမှာနှစ်ရှည်လများစွာ ရှိနေခဲ့ဖူးသော သူ့အနေနှင့် မျက်ဝန်းများကိုကြည့်လိုက်တာနှင့် ထိုကောင်လေး၏ခံစားချက်များကို သူသိသည်။

သူဘယ်လိုလုပ်လုပ်ရက်နိုင်မှာတဲ့လဲ?

"ကိုယ်တောင်းပန်ပါတယ်"

"ငါမကြားချင်ဘူး ငါကြားချင်တာ တောင်းပန်တယ်ဆိုတဲ့ စကားမဟုတ်ဘူးလို့...မုန်းတယ်...ငါ့ဘက်ကို မကြည့်တဲ့ မင်းကို မုန်းတယ်...တစ်ကိုယ်ကောင်းဆန်တဲ့ မင်းကိုမုန်းတယ်...ဝမ်ရိပေါ်ဆိုတဲ့ မင်းကို မ-အွန့် အွန်း"

ထိုကောင်လေးနှုတ်ဖျားမှ ထွက်လာသော စကားများကို ဆက်ခံနိုင်ရည်မရှိတော့‌သည့်အလား နှုတ်ခမ်းရဲရဲလေးများကို ဆွဲငုံလိုက်တော့သည်။ သူ့ကို ပြန်လည်ထုရိုက်နေသည့် လက်နုနုလေးများကို လျှစ်လျှူရှုပြီးပေါ့။

 Surviving As A Backup Character[System]Where stories live. Discover now