ဆေးရုံရှေ့ပန်းခြံအတွင်းရှိ ခုံတန်းတစ်ခုမှာ ခေါင်းငိုက်စိုက်ချလျက် ထိုင်လိုက်သည် ။ အမှားတစ်ခုကို အဖြေရှာရင်း......
ဟုတ်ပါသည် ။ မှားသူကား နောက်တစ်ဖန် ကျွန်တော်သာ ဖြစ်နေခဲ့ပြန်ပါသည် ။ ကြင်သူရှိမှန်းသိရက်နှင့် ချစ်ခင်ရသူရှိမှန်းသိရက်နှင့် တွယ်ကပ်နေခဲ့တာကို....
အနားတွင် ဂရုစိုက်မယ့်သူ ရှိမှန်းသိရက်နှင့် လုံလောက်စွာ ချစ်ပေးမယ့်သူ ရှိမှန်းသိရက်နှင့် သူ့ကိုရွေးချယ်ခဲ့မိသည်ကို......
ယခုလို နာကျင်ရသည်မှာ ကျွန်တော့်လိုလူတစ်ယောက်အတွက် မဆန်းကြယ် ???

မျက်နှာလေးတောင် သေချာမမြင်ရပါဘဲနှင့် ယခုလိုတော့ မပြန်ချင်ပါ.....သူလေး၏ချစ်ရသူရှိမှန်းသိသောကြောင့် ယခုကဲ့သို့ နာကျင်ရမှာစိုးသောကြောင့် ဆေးရုံတောင် လူနာလာမမေးနိုင်ခဲ့တာ ။ ပြက္ခဒိန်မှာ ရက်စွဲတွေမှတ် စက္ကန့်တစ်စက္ကန့်ချင်းစီကို ရေတွက်ကာ ဒီနေ့လေးအား စောင့်ဆိုင်းခဲ့တာ ။ ယခုလိုတော့ မပြန်ချင်သည်မှာ အမှန် ။ ဖြစ်ချင်ရာဖြစ်ဟုပင် တွေးကာ ချစ်ရသူ၏နောက်တော်ပါးသို့ လိုက်ရန် ဆုံးဖြတ်လိုက်သည် ။

ခုံတန်းမှာ ထိုင်ရင်းဖြင့်ပင် ငယ်လေးတို့အလာကို စောင့်နေလိုက်သည် ။ ငါ့ရင်ကို ဘယ်အထိခွဲဖို့ ငါ့ကို ဘယ်လောက်တောင် နာကျင်စေဖို့ စိတ်ကူးထားတာလဲ ငယ်လေးရာ ။ လက်ချင်းတွဲလျှောက်လျှင်ပင် ခံနိုင်ရည်ရှိဖို့ ကျွန်တော် အတော်လေး ကြိုးစားယူရမည် ။ ယခုတော့ ချီထားသည်တဲ့.........

မတတ်နိုင် ။ မျက်နှာတော်နုနုကိုတော့ တစ်ဝကြီးကြည့်ချင်သေးသည် ။ ပိုက်ဆံမရှိသည့်ကြားက ဆေးရုံရှေ့ရှိ ရပ်ထားသော Taxi အားငှား၍ ငယ်လေးတို့ကားနောက်မှ လိုက်လာခဲ့သည် ။ အမေ့ဆီကမုန့်ဖိုးထပ်တောင်းရပေတော့မည် ။

အရင်ဆုံးသွားသည့်နေရာက ကစားကွင်းတဲ့ ။ ငယ်လေးက ကလေးစိတ်လုံးဝမပျောက်သေးဘူးဘဲ ။ ကျွန်တော် တိတ်တခိုးလေး ပြုံးမိသွားသည် ။
တော်တော်သက်သာ​ပြီမှန်း ပက်ပြေးနေသည်ကို ကြည့်ရုံဖြင့် သိနိုင်သည် ။ ပြေးလိုက် နှုတ်ခမ်းလေးတထော်ထော်နှင့် နောက်ကိုလှမ်းအော်လိုက်ဖြင့် ပျော်မြူးနေခဲ့သည့် ချစ်ရသူ ။ ကျွန်တော့်နှုတ်ခမ်းထက် အပြုံးလေးတစ်ပွင့် ဖြစ်သွားခဲ့သည် ။ သို့သော် သူ၏အနားတွင် ရှိသူကား ကျွန်တော်မဟုတ်သည်ကို သတိရမိချိန် မျက်ဝန်းအိမ်ထက် ရုတ်ချည်းစိုစွတ်လာသည် ။

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now