Crush - 9 (Final)

167 10 0
                                    

*** မင်းမပါတော့တဲ့ ငါ့ရဲ့မနက်ဖြန်တွေကို ငါမလျှောက်လှမ်းချင်တော့ဘူး ငါ့မှာကြိုးစားခွင့်ရော မရှိတော့ဘူးလား အချစ်တစ်ခုကို ဖန်တီးယူလို့မရဘူးဆိုတာ ငါနားလည်ပါတယ် ဒါပေမယ့် ဒါပေမယ့် ပေါ့လေ ဖြစ်နိုင်မယ်ဆိုရင် ငါမင်းဘေးနားမှာနေပြီး ငါ့ကို ဆက်ကြိုးစားခွင့်ပေးနိုင်မလား လေးလုံး***




သူမနဲ့စတွေ့ခဲ့တဲ့ ဟန်မြစ်ရဲ့ဘေးမှာ သူမအကြောင်းများစဉ်းစားနေရင်း နာကျင်မှုတစ်ခုရဲ့ အရသာကို ခံစားနေမိသည်

ထိုအချိန် ဖုန်းမှ အသံမြည်လာသောကြောင့် ကြည့်လိုက်တော့ Unknown Contact

"Hello"

"Hirai Momo လား မင်းငါ့ကိုမှတ်မိလား"

"ဘယ်သူလဲ ခင်ဗျားဘာတွေပြောနေတာလဲ"

"သိပ်မကြာခင်အချိန်တုန်းက မင်းနဲ့ ရန်ဖြစ်ဖူးတဲ့ လူသုံးယောက်ကိုတော့ မင်းမှတ်မိမှာပါ"

"..."

"အေး အဲ့တုန်းကတော့ မင်းက ကောင်မလေးကို ကယ်နိုင်ခဲ့ပေမယ့် ခုရော ကယ်နိုင်ပါ့မလား"

"ခင်ဗျား ဘာတွေပြောနေတာလဲ ယောကျာ်းမလား မိန်းမလိုမိန်းမရစကားတွေမပြောပဲ ဒဲ့ပြော ဟိတ်လူ"

"ကောင်းပြီ ခု Mina ဆိုတဲ့ကောင်မလေးက ငါတို့လက်ထဲမှာ"

"ဘာဗျ..."

"အေး မင်းသူ့ကိုမထိခိုက်စေချင်ဘူးဆိုရင်တော့ ခုချက်ချင်း ငါတို့ချိန်းတဲ့နေရာကို တစ်ယောက်ထဲလာခဲ့"

"ကောင်းပြီ အခုချက်ချင်းလာခဲ့မယ် ဘယ်နေရာလဲ"

"$&@$&@$"

Momo တစ်ယောက် စိတ်ပူလာကာ ခြေလှမ်းများကသူမရှိရာသို့သာ ဦးတည်ခဲ့လိုက်သည်

ရင်ထဲမှာလဲ ဗလောင်ဆူလို့ပေါ့

သူမလေးကို နာကျင်စေမှု မှန်သမျှက သူ့နှလုံးသားရဲ့နာကျင်မှုနဲ့ တိုက်ရိုက်အချိုးကျနေတာမို့ သူမရှိရာကိုသာ ကားကို တရကြမ်းမောင်းရင်း ထွက်လာခဲ့လိုက်သည်

လမ်းမှာတော့ ကားမောင်းရင်း Nayeon ဆီကိုဖုန်းဆက်ကာ အကြောင်းစုံပြောပြပြီး လိုက်ခဲ့ဖို့မှာလိုက်သည်

CrushWhere stories live. Discover now