Crush - 3

108 12 0
                                    

ကောင်လေးတစ်ယောက်အတွက် ဂုဏ်အယူရဆုံးအချိန်က မိမိသဘောကျနေတဲ့ ကောင်မလေးရှေ့မှာ လူစွမ်းကောင်းဝင်လုပ်ရခြင်း မဟုတ်လား

မထင်မှတ်ပဲဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုကနေ ခုသူမနဲ့ရင်းနှီးမှုရတော့မယ်လေ

ထိုလူသုံးယောက်ကိုတောင်ကျေးဇူးတင်ရမလိုပါပဲ ဟဲဟဲ

"အကို အဆင်ပြေရဲ့လား"

ဆေးထည့်ပေးနေရင်းမေးလိုက်သည်

"Omm ပြေပါတယ်ညီမ ဒါနဲ့ဘာလို့တစ်ယောက်ထဲ ပြန်ရတာလဲ ဒီချိန်ကြီးကျမှ"

"သူငယ်ချင်းတစ်ယောက်က ခရီးထွက်သွားလို့ပါ မဟုတ်ရင် သူနဲ့တူတူပြန်နေကျလေ ခုသူမရှိချိန်မလို့ တစ်ယောက်ထဲဖြစ်နေတာ ဆိုင်မှာလဲ ကူပေးမယ့်သူမရှိနဲ့မလို့"

Momo တစ်ယောက်အကြံရပြီး

"ဒါဆို အကိုညီမဆိုင်မှာ အလုပ်ဝင်လို့ရမလား"

"ရှင် .."

"အကိုလဲအလုပ်တစ်ခုရှာနေတာ ညီမဆိုင်မှာများအလုပ်ရနိုင်မလားလို့"

"သူငယ်ချင်းပြန်လာရင်တော့ အဆင်ပြေပါပြီ ဒါပေမယ့် အကိုမှ အလုပ်လိုချင်ရင်တော့ ရပါတယ်"

"အာ ကျေးဇူးပါ ဒါဆိုနက်ဖြန်ကစ အလုပ်ဆင်းလို့ရမလား ညီမ"

"ဟုတ် အကိုအဆင်ပြေတဲ့ရက်က စဆင်းလို့ရပါတယ်"

Momo တစ်ယောက်တော့ မှိုရတဲ့မျက်နှာမျိုးနဲ့ပျော်နေလေရဲ့ (မှိုရတဲ့မျက်နှာက ဘယ်လိုမျိုးလဲတော့မသိဘူးဗျာ Reader တို့ Crush နဲ့စကားပြောရင်ဖြစ်နေတဲ့မျက်နှာကိုသာမှန်ထောင်ကြည့်လိုက် ဟဲဟဲ)

အခြေအနေကောင်းလာတော့ လွယ်အိပ်ဘေးထဲထည့်ယူလာတဲ့ ပန်းကလေးထုတ်ပေးမယ်အလုပ် မရှိတော့ ခုနကရန်ဖြစ်ခဲ့တဲ့နေရာမှာကျကျန်ခဲ့မှန်းသိလိုက်ရ၏

နောက်ရက်မှပေါ့ ဘယ်တတ်နိုင်မလဲတွေးရင်း ဖြေသိမ့်လိုက်ရသည်

"ဒါဆို ညီမပြန်တော့မယ်လေ အကို"

"အကိုလိုက်ပို့ပေးမယ်လေ တစ်ယောက်ထဲ စိတ်မချဘူး"

"ဟုတ် ကျေးဇူးပါ"

"ရပါတယ်"

အပြန်လမ်းတစ်လျှောက်တွင်တော့ စကားတပြောပြောနှင့်ပေါ့ သူမအကြောင်းလေးတွေမေးလိုက် ကို့အကြောင်းလေးတွေပြောလိုက်

CrushWhere stories live. Discover now