Crush - 7

83 8 0
                                    

ကားရောက်လာတော့ ကားပေါ်ကနေ Jeongyeon တစ်ယောက်ဆင်းလာကာ ဘေးနားမှာ ဟိုနေ့ကဂျစ်ကန်ကန်နဲ့ကောင်မလေးပါ ပါလာတော့

"စောင့်နေတာကြာသွားပြီလား"

"မကြာသေးပါဘူး ဒါနဲ့သူက"

"Son Chaeyoung ပါ Jeong ရဲ့ညီမဝမ်းကွဲက သူလေ"

"အဟဲ ကိုကြီး Mo ဟိုနေ့က ကိစ္စအတွက်ကျေးဇူးပါ"

"နင်တို့ကသိနေတာလား"

"ဟိုနေ့က Chaeng ကိုဆေးရုံပို့ပေးတာ သူလေ"

"ဪ Momo Oppa လား မသိခဲ့ဘူး ကျေးဇူးပါ"

"ရပါတယ် သွားကြမယ်လေ နောက်ကျနေပြီ"

ကျေးဇူးတင်စကားကို Nayeon ကိုမပြောတော့ စိတ်ကသိကအောက်ဖြစ်နေသော မျက်နှာနှင့် Nayeon ကို Momo သတိထားမိလိုက်၏

ကားပေါ်ရောက်တော့မှ Chaeng သူငယ်ချင်း ၂ယောက်ဖြစ်တဲ့ Dahyun နဲ့ Tzuyu တို့အားမိတ်ဆက်ပေးပြီး Jeongyeon က ကားမောင်း ဘေးတွင် Chaeyoung ကထိုင်လျက် Nayeon နဲ့ Jihyo က တစ်တန်း Dahyun နဲ့ Tzuyu ကတစ်တန်း နောက်ဆုံးတွင်တော့ Momo နဲ့ Mina ကထိုင်ကာ ထွက်လာခဲ့ကြသည်

ကားနဲ့ဆိုတော့ အနည်းငယ်ပင်ပန်းကြ၏

Mina ကတော့ နားကြပ်လေးနားထဲတပ်ကာ ခရီးတစ်လျှောက် လိုက်လာခဲ့သည်

ထိုသူမလေးကို ကြည့်ရင်း လိုက်လာသူကတော့ Momo

စကားပြောချင်ပေမယ့် သူမသီချင်းနားထောင်နေတာကို အနှောက်အယှက်မပေးချင်သောကြောင့် ဘေးနားမှ တိုးတိတ်စွာ လိုက်လာခဲ့လိုက်သည်

လမ်းတစ်ဝက်ခရီးလောက်ရောက်တော့ သူမ မျက်လုံးမှိတ်ကာ သီချင်းနားထောင်နေရင်း ခေါင်းလေးက Momo ဘက်သို့စောင်းကာ ပုခုံးလေးပေါ်သို့ကျရောက်လာ၏

ပုခုံးလေးပေါ် ကျရောက်လာသော အရာလေးကြောင့် Momo တစ်ယောက်မျက်လုံးဖွင့်ကာ ဘေးကိုကြည့်လိုက်တော့ ထိုကောင်မလေး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်

ပုခုံးလေးကိုတောင့်ထားလိုက်ရင်း သူမ အဆင်ပြေပြေအိပ်စက်ဖို့ရာ နားကြပ်လေးအားဖယ်ပေးလိုက်ပြီး ပုခုံးပေါ်တွင်ခုနေသော သူမ မျက်မှန်လေးကိုလဲ ဖယ်ရှားပေးလိုက်၏

CrushWhere stories live. Discover now