Crush - 1

458 18 0
                                    

အသက်ရှူလိုက်တိုင်းမှာ လက်ဝဲဘက်ရင်အုံကတော့ နာကျင်ကိုက်ခဲနေဆဲ

အတိတ်ရဲ့ခေါင်းစဉ်အောက်က အကျဉ်းတန်တဲ့ဖြစ်ရပ်တွေကလဲ အချိန်တစ်ခုနဲ့ကုစားလိုက်တော့ အနည်းငယ်တော့သက်သာရာရနေပါပြီလေ

ဆယ်ကျော်သက်အရွယ်မှာတစ်ကြိမ်တစ်ခါခံစားဖူးတဲ့အချစ်ဆိုတဲ့အရာကိုမေ့ဖို့အတွက် ၆နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကတော့လုံလောက်မယ်ထင်ပါတယ်

ထိုအကြောင်းတွေကိုစဉ်းစားရင်း Mevius စီးကရက်တစ်လိပ်ကိုမီးညှိလိုက်ပြီး ဟန်မြစ်အတိုင်းလမ်းလျှောက်လာခဲ့လိုက်သည်

အချိန်အားဖြင့်တော့ ညနေ နေဝင်စပျိုးချိန် နေမင်းကြီးက လောကကြီးကို နှုတ်ဆက်ကာ အိပ်တန်းတက်ဖို့ လက်ပြနေချိန်ပင်

နေဝင်ဆည်းဆာနဲ့အတူ သဘာဝတရားကြီးကပေးတဲ့ အလှကို တဝကြီးခံစားရင်း မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်လာခဲ့လိုက်သည်

ခပ်လှမ်းလှမ်းမှာမြင်လိုက်ရတဲ့ မြင်ကွင်းလေးကတော့ သူ့ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေခဲ့သည်

ကောင်မလေးတစ်ယောက် ဖုန်းလေးတစ်လုံးနဲ့ နေဝင်ဆည်းဆာရဲ့ အလှကို မှတ်တမ်းယူနေသည်ပင်

မှောင်ရီပျိုးချိန်ဖြစ်နေသော်လည်း မျက်နှာပေါ်ကျရောက်နေသော အလင်းတန်း သဲ့သဲ့လေးကြောင့် နှာတံပေါ်က မှဲ့ကလေးနှင့် နှုတ်ခမ်းနားတဝိုက်က မှဲ့ကလေးများကိုတော့အထင်းသားမြင်နေရသည်

ဆံပင် ပုခုံးထက်လောက်ရှိပြီး ဖြောင့်စင်းလျက် မျက်မှန်လေးတပ်ထားသောထိုကောင်မလေးက အသက်အားဖြင့်တော့ သူ့ထက်အများကြီးငယ်လိမ့်မည်

ထိုကောင်မလေးထွက်သွားသည်အထိ ငေးကြည့်နေလိုက်သည် လက်ထဲက ဆေးလိပ်လေးကလည်း လေရဲ့တိုက်စားမှုကြောင့် ဖင်ဆီခံသာကျန်တော့တာမို့ လွှင့်ပစ်လိုက်ရင်း ဆက်လျှောက်လာခဲ့သည်

အိမ်ပြန်ရောက်တော့မှ အိပ်ရာပေါ်အသာလှဲရင်း ခဏအနားယူနေလိုက်၏ ထိုအချိန်ဝင်လာသော Phone Call တစ်ခုကြောင့် ချက်ချင်းပဲလက်ခံဖြေဆိုလိုက်သည်

CrushWhere stories live. Discover now