Soo: ​​ကောင်း​ကောင်း date ခဲ့​နော်​....

Se: အင်း...

Kyung Soo ထွက်​သွား​တော့ Sehun Luhan နဲ့ ချိန်းထားတဲ့​နေရာ  ထွက်​ခဲ့သည်​။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

^ Jong In နင်​ ဒီ​နေ့ Kyung soo နဲ့ချိန်းမထားဘူးလား ^

Luhan စကားကို Jong In ​ခေါင်းရမ်းသည်​။

Jong: Soo Sehun နဲ့ ထွက်​သွားတာ​လေ... အားမှာမဟုတ်​ဘူး...

Lu: ည​နေပိုင်းအားတယ်​.. ငါ Sehun နဲ့ရုပ်​ရှင်​ကြည့်​ဖို့ချိန်းထားတယ်​...

Jong: ဟုတ်​လား...

ထိုစဉ်​ ​ဘေးက ထိုင်​​နေ​သော Chanyeol ရုတ်​တရက်​ထပြီး...

Chan: ဟုတ်​ပြီ!

Jong: ဘာဟုတ်​တာလဲ...

Chan: မင်း ငါ့တို့ကို ​ပြောထားတာ​လေ.. ဒီ​နေ့အ​ကောင်​အထည်​​ဖော်​ပါလား...

Jong In မျက်​နှာပြုံးသွားသည်​။ Chanyeol နဲ့လက်​ဝါးချင်​စလှမ်းရိုက်​လိုက်​သည်​။

Jong: Ok!

Lu: ငါသွား​တော့မယ်​...

Luhan Jong In တို့ကိုနှုတ်​ဆက်​ပြီး ရုပ်​ရှင်​ရုံသို့ထွက်​ခဲ့သည်​။ ရုပ်​ရှင်​ရုံ​ရှေ့မှာ ရပ်​​စောင့်​​နေ​သော Sehun ကို​တွေ့လိုက်​သည်​။ သူမ Sehun နား​ရောက်​​တော့ Sehun လက်​မှတ်​နှစ်​​စောင်​​ထောင်​ပြသည်​။

Se: လက်​မှတ်​ကြိုတင်​ဖြတ်​ထားတယ်​.. သွားရ​အောင်​...

Lu: အဲ့ကားက Jong in တို့နဲ့ကြည့်​ပြီးသားကြီး..

လက်​မှတ်​ကိုကြည့်​ရင်း​ပြော​သော Luhan စကား​ကြောင့်​ Sehun မျက်​နှာပျက်​သွားသည်​။ Luhan သူမ စကားမှားမှန်းရိပ်​မိသွားသည်​။

Lu: ​ပြော...​ပြောချင်​တာက...

Se: ရပါတယ်​.. တခြား​ဟာကြည့်​တာ​ပေါ့...

Sehun ​ပြောပြီး လက်​မှတ်​​ရောင်းတဲ့ဆီထွက်​သွား​တော့ Luhan ​နောက်​က​နေ လက်​ကိုလှမ်းဆွဲလိုက်​သည်​။

Lu: စိတ်​ဆိုးသွားလား..

Sehun Luhan ကို ပြုံးပြရင်း...

Se: မဆိုးပါဘူး... ကိုယ်​ အရင်​တုန်းက Oh Sehun မဟုတ်​​တော့ဘူး... သူငယ်​ချင်းနဲ့ကြည့်​တာပဲ..တခြားကား လက်​မှတ်​သွားဖြတ်​လိုက်​မယ်​...

Baby Don't CryWhere stories live. Discover now