ခင်ဗျား စိတ်ဆိုးလို့ နီရဲတက်လာတဲ့ မျက်နှာ လှလှလေး အင်း သိပ် ချစ်တယ်။တစ်ခွန်းမကျန် ခွန်းတုံ့ပြန်တဲ့ စကားလုံးတို့ မြစ်ဖျားခံရာ စိုအိအိ နူတ်ခမ်းသားလေးကိုလည်း ကျုပ် မက်မောတယ်။

စိတ်လှုပ်ရှားတဲ့အခါ တဖျတ်ဖျတ် လှုပ်ခတ်သွားတဲ့ မျက်တောင် နုနုလေး။ ပယင်းရောင် မျက်ဝန်းလေးတွေ တစ်စက္ကန့်လေးတောင် အကြည့်မလွှဲနိုင်အောင်ပါပဲ သိပ်ကို မြတ်နိုးမိတယ်။

ယုတ်စွအဆုံးဗျာ လေညှင်းသွဲ့ဆိုတဲ့ ခင်ဗျားရဲ့ စိတ်နှလုံး ခန္ဓာ အရိပ် ဝိဉာဥ်ကအစ ကျုပ်တစ်ယောက်တည်းသာ ပိုင်ဆိုင်ရမယ်။

ခင်ဗျား ခွင့်ပြုပြု မပြုပြု ကျုပ်ကတော့ လိုချင်တာ ရအောင်ယူမှာပဲ။ခင်ဗျားသာလျှင် ကျုပ် ပိုင်ဆိုင်ဖို့ မွေးဖွားလာခဲ့တဲ့ တစ်ဦးတည်းသော soul mate..။

-

-

-

"ဆရာ..လူနာလည်း ပါးနေပြီဆိုတော့..မိနွယ်..ဒီနေ့အရင်ပြန်လို့်ရမလား..အိမ်မှာ အငယ်လေးက နေမကောင်းတာ ဂျီကျနေလို့"

လေညှင်း နာရီကို တစ်ချက် ကြည့်လိုက်ရင်း ဆေးခန်းလည်း ပိတ်ဖို့ အချိန်အနည်းငယ်သာ လိုတော့တာကြောင့် မိနွယ်ကို ကလေးအတွက် ဆေးပါထည့်ပေးလိုက်ပြီး အိမ်ပြန်ခွင့်ပြုလိုက်သည်။

ထို့နောက် ရှစ်နာရီထိုးတာနဲ့ လုပ်လက်စကိုရပ် မနက်ဖြန် အတွက်ကုန်နေတဲ့ ဆေးပစ္စည်းတွေ စာရွက်မှာ ရေးမှတ်လိုက်ပြီး ဆေးခန်းပိတ်ဖို့ ပြင်ဆင်လိုက်သည်။

"ဆရာ!!ကယ်ပါဦး..ဆရာရယ်!!"

လေညှင်း သော့ခတ်ဖို့ ပြင်နေတုန်း အနောက်ကနေ မောကြီးပန်းကြီး ခေါ်လာတဲ့ သူကြောင့် အနောက်လှည့်ကြည့်လိုက်သည်။

"ဟာ..ခင်ဗျား..ခေါင်းမှာလည်း သွေးတွေနဲ့ပါလား..လာ..လာ..ဆရာ ဆေးခန်းပြန်ဖွင့်ပေးမယ်"

"ကျွန်တော့်ကို နောက်မှ ကုပေးပါ..ဆရာ..ကားပေါ်မှာ ကျွန်တော့်ထက် အခြေနေဆိုးတဲ့ သူတွေရှိ​ေနလို့..သူတို့ကိုအရင်ကုပေးပါနော်"

လေညှင်း ဆေးခန်းရှေ့ကြည့်လိုက်တော့ တက္ကစီ ကားနောက်ခန်းမှာ ​ကောင်လေးသုံးယောက်။လေညှင်း ကမန်းကတန်း ခုနကလူနဲ့ တစ်ယောက်ချင်းစီ တွဲထုတ်ပြီး ဆေးကုဖို့ ပြင်ဆင်လိုက်သည်။

စေလိုရာစေ(Completed)Where stories live. Discover now