"ကျစ်!!"

"စကားသိပ်များတယ်"

"ဘာ!!မင်း..တော်လိုက်တော့..ငါမင်းနဲ့ ဒီ့ထပ်ပိုပြီး မျက်နှာချင်း မဆိုင်တာကောင်းလိမ့်မယ်..မှော်စက္ခ..သွား!!.ငါ့ဆေးခန်းထဲက ထွက်သွားပပေးပါ..ကျေးဇူးပြုပြီး!!"

စက္ခ သူ့ရှေ့မှာ ဒေါသထွက်နေတဲ့ ​အသေးလေးကို စိတ်မရှည်တော့တာကြောင့် ဆတ်ခနဲ မတ်တတ်ရပ်လိုက်ပြီး မျက်နှာလှလှလေး နား အသာ ငုံ့ကပ်လိုက်တော့ အသေးလေး ခမျာ ရုတ်တရတ် ဆန်တဲ့ သူ့အပြုမူကြောင့် မျက်လုံးလေး အဝိုင်းသား။

လှတယ် သိပ်လှတယ် သူ့ကြောင့် ထိတ်လန့်နေတဲ့ မျက်ဝန်းလေးတွေ။ပုသေးသေးလေး ဖြစ်နေတာတောင် သူ့ကို မော့ကြည့်ပြီး ရန်တွေ့နေဆဲ နူတ်ခမ်းလုံးလုံး​လေးတွေ။

"မင်း..ဘာ..ဘာလုပ်မလို့လဲ"

"အဲ့လိုပဲလား..ဆရာဝန်တစ်ယောက်က လူနာကို ဒီလိုပဲ ဆက်ဆံနေကျလား..ဟမ်္!"

အစကတော့ လေညှင်း ဆေးထည့်ပေးဖို့ စဥ်းစားလိုက်ပေမယ့် အရင်တခါက အဖြစ်ပျက်တွေက မျက်လုံးထဲ ပြန်မြင်ယောင်လာလေ ဒေါသထွက်လေမို့ သူပြောသမျှ အကန်တွေချည်းသာ ပြန်ပြောမိတယ်။

"မဟုတ်ဘူး..မင်းမို့လို့.. တစ်ပါးသူအပေါ် အကြင်နာတရားမရှိတဲ့ မင်းလိုလူကို..ငါဘယ်လိုနည်းနဲ့မှ ဆေးကုပေးမှာမဟုတ်ဘူး..မှော်စက္ခ"

"တောက်!!..ခင်ဗျား!!"

"အ..လွှတ်..မင်း..အ!"

လူဆိုးကောင်က လက်တစ်ဖက်တည်းနဲ့ သူ့လည်ပင်းကို အားထည့်၍ ညှစ်လိုက်တာကြောင့်  ခံစားရတဲ့ နာကျင်မှုက သေမတတ်။

လေညှင်းမှာ ဟန်ပင်မဆောင်နိုင်  ချက်ချင်း မျက်ရည် ဝဲတက်လာပြီး သန်မာတဲ့လက်အစုံကို သူ့လက်သေးသေးလေးတွေနဲ့ ဖယ်ချမိတယ်။သို့သော် အချည်းနှီး။

"ကျစ်!!"

"အဟင့်..အင့်"

သူဒေါသ ထွက်ထွက်နဲ့ အသေးလေးကို လုပ်မိလုပ်ရာ လုပ်လိုက် မိတာ အသေးလေး မျက်ဝန်းက မျက်ရည်စတွေ မြင်မှ အသိပြန်ဝင်လာသည်။အသားဖွေးသူမို့ ကျော့ရှင်းတဲ့ လည်တိုင်လေးမှာ သူ့လက်ချောင်းရာတို့က အထင်းသား။

စေလိုရာစေ(Completed)Where stories live. Discover now