ကျန်ချန်ရဲ့တစ်ကိုယ်လုံးကပျော့ခွေနေတာကို
ကုဖေးခံစားလို့ရသည်။၎င်းမှာအဆောက်အဦး
အမြင့်တစ်ခုတည်းကြောင့်မဟုတ်ဘဲ၊လီပေါင်
ကော်ကိုအလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်
သွားတာလည်း တစ်ပိုင်းတစ်စအနေနှင့် ပါဝင်
ပတ်သတ်နေလောက်သည်။

ကျန်ချန်ကိုလက်တစ်ဖက်နှင့်ပွေ့ထားပြီးကျန်
လက်တစ်ဖက်နှင့် လှေကားလက်တန်းကို ဆုပ်
ကိုင်ထားရသောကြောင့် ၊လှေကားထစ်တွေကို ခြေထောက် တစ်ဖက်နှင့် လက်တစ်ဖက်တည်း
ကိုအားပြုပြီးကုဖေးဆင်းလာခဲ့သည်။နောက်
ဆုံးလှေကားထစ်သို့ ရောက်လာခဲ့သည့်အခါ၊လက်မောင်းဆီမှကျဥ်တက်လာမှုကြောင့်
ကျန်ချန်ကိုကော်ရစ်တာပေါ်သို့လွှတ်ကျ
လုနီးနိီးဖြစ်သွား၏။

သူသည်ကျန်ချန်ကိုလွှတ်ပေးလိုက်သည့်အခါ
ကျန်ချန်ကအုတ်နံရံကိုမှီပြီးခန္ဓာကိုယ်ကိုဖြည်း
ညင်းစွာလျောချ၍ ကြမ်းပြင်ပေါ်မှာကုပ်ကုပ်
ကလေး ထိုင်ချလိုက်သည်။

ခေါင်မိုးထပ်တွင် လီပေါင်ကော်က အော်ဟစ်
ဆဲဆိုနေပြီး၊သူ့ရဲ့ဗျစ်တောက်ဗျစ်တောက်ဆဲ
ဆိုသံတွေနှင့်အတူလီချင်း၏ ငိုကြွေးနေသည့်
အသံတွေနှင့်ရဲဝန်ထမ်းများနှစ်သိမ့်ချွေးသိပ်ဖို့ကြိုးစားနေသည့်စကားသံတွေလည်းရောယှက်
ပါဝင်နေလျှက်ရှိသည်။ ဒါပေမယ့်,
လီပေါင်ကော်ကထိုအသံများဖုံးသွားသည်ထိ
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်
အောင် ဆက်ပြီးသောင်းကျန်းနေ၏။

ကုဖေးသည်လက်နှစ်ဖက်ကို ဒူးဆစ်ပေါ်တင်
ကာ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး ကျန်ချန်ကို
အကဲခတ်လိုက်၏။
"ငါတို့ အောက်ဆင်းကြတော့မလား ?။ "

"အင်း။"
ကျန်ချန်ကမျက်ခုံးကိုတွန့်ချိုးထားပြီးအသက်
ပြင်းပြင်းရှုသွင်း၍ ဗိုက်ကို လက်တစ်ဖက်နှင့်ဖိ
ကာ မတ်တပ်ထရပ်လာသည်။
"Fuck ! ငါ အန်ချင်တယ်။ "

"အန်ချင်ရင် အန်လိုက်လို့ရတယ်။"

ထိုအခါ ကျန်ချန်က သူ့ကိုစိုက်ကြည့်လာ၏။
"နိုင်ငံကြီးသားပီသစမ်းပါ!။သံစက်ရုံဆိုတာ
ငါ့ရဲ့အိမ်ပဲလေ။တာဝန်ယူမှုဆိုတာကလည်း
ငါ့အပိုင်ပဲ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now