1

6K 315 38
                                    

Yoongiတစ်ယောက်Jiminနဲ့အတူကျောင်းကပြန်လာခဲ့သည်။အိမ်ကလာမကြိုတာကြောင့်နှစ်​ကေ့သားလမ်းလျှောက်ပြန်လာခဲ့သည်။

"Jiminie....​နာကလေ....မင်းနဲ့စေ့စပ်ထားတာသိတယ်မလား....နာမှာအရှစ်တွေရှိလာတဲ့တစ်နေ့ကျရင်.....မင်းနဲ့လက်ထပ်မယ်ဟုတ်ပြီလား......ခုတော့ရှိဝူး"

Yoongiစကားမပြီတာမဟုတ်ပါဘူး....အဲ့လိုချွဲနွှဲ့ပြောတတ်တာသူ့အကျင့်ပင်.....မိဘတွေဘယ်လိုပြင်ပေးပေးသူ့မှာမပြင်နိုင်.....Jiminကသာသူဘာပြောပြောနားထောင်ပေးသလို.,.နားလည်းလည်ပေးသည်။

"Yoongi....အိမ်ရောက်ရင်ရေချိုးဦးနော်....ရေမချိုးရင်.....ညကျကြွက်ကိုက်လိုက်မယ်.....ညစ်ပတ်ရင်ကြွက်ကိုက်မှာသိတယ်မလား"

Jiminတမင်ခြောက်ခြင်းဖြစ်သည်။ဒီကောင်လေးကအိမ်ပြန်ရောက်တာတောင်ပေပေတေတေနဲ့လုပ်ချင်ရာလုပ်တာ.....သူ့ရေတစ်ခါချိုးဖို့အရေး....ကျားမြီးသာပြေးဆွဲချင်သည်။

"ဟာ.....ဟိုမှာစွန်"

သူစကားပြောနေတုန်း......စွန်ပျက်ကျတာမြင်တော့အပြေးလေးလိုက်ကောက်သည်။ကျောပိုးအိပ်ကြီးကိုလမ်းမမှာချခဲ့သည်။သူစားနေတဲ့lollipopလေးတော့ပါအောင်ယူသွားသည်။ဒီလိုချိန်ဆိုjiminနောက်ကပြေးလိုက်ရပြန်ပြီပေါ့

Yoongiစွန်နောက်အပြေးလိုက်ရင်းလမ်းချိုးကွေ့နေရာရောက်တော့လူတစ်ယောက်နဲ့ဝင်တိုက်သည်။ထိုသူကဘယ်လောက်ဗလတောင့်လဲဆိုတာ.....အရှိန်နဲ့ပြေးပြီးဝင်တိုက်တဲ့သူကသာချော်လဲသွားပြီး.....အတိုက်ခံရတဲ့သူကတုတ်တုတ်ပင်မလှုပ်.....

"မေကြီးရေ....အီးဟီး.....သားကိုကားတိုက်တယ်"

သူထင်တာသူအော်ပြောနေတဲ့ကောင်လေးကြောင့်Namjoonကြောင်သွားသည်။အသံပြဲကီးနဲ့ငိုနေတာ.....မသိရင်သူကပဲအနိုင်ကျင့်နေသလို.....

Namjoonမသိချင်ယောင်ဆောင်ကာကျော်သွားတော့ထိုကောင်လေးကချက်ချင်းသူ့နောက်လိုက်ဖို့လုပ်တယ်ထင်ရဲ့....မထနိုင်ပဲချော်လဲသွားသည်။မနေနိုင်တဲ့အခြေအနေကြောင့်လက်မောင်းကဆွဲထူလိုက်သည်။

"ရပြီလား.....အလုပ်ကိုရှုပ်တယ်"

Namjonပြောရင်းထွက်သွားဖို့လုပ်တော့ထိုကလေးလေးကသူ့ကိုအရောင်လက်နေတဲ့မျက်လုံးတလက်လက်နှင့်ကြည့်ကာသွားသေးသေးလေးတွေပေါ်သည်ထိရယ်နေသည်။Namjoonစိတ်ထဲရူးနေတာလားဟုတောင်တွေးမိသည်။

INNOCENT(comlplete)Where stories live. Discover now