ပိန်စေတဲ့ နည်း (အစားမလျှော့ရ၊ လေ့ကျင့်ခန်း အပြင်းအထန်မလို)

9 0 0
                                    

ပိန်စေတဲ့ နည်း (အစားမလျှော့ရ၊ လေ့ကျင့်ခန်း အပြင်းအထန်မလို)

ကျနော်ဒီနည်းနဲ့ မိတ်ဆွေ အတော်များများကို မျှဝေပြီး နည်းပြတဲ့အခါ လိုက်လုပ်တဲ့လူတိုင်းနီးပါး ကိုယ်ရည်စစ်ပြီး မှန်ကန်တဲ့ အလေးချိန်ကို ရကြပါတယ်။ ဒီနည်းဟာ ကျနော်လေ့လာထားတဲ့ အနောက်နိုင်ငံက Healthy living and food guide နဲ့  ကျနော် တက်ထားတဲ့ Stanford University က Healthy Food Course (Professor Dr. Maya Adam)  ကို မြန်မာလိုဆီလျှော်အောင် လုပ်ပေးထားတာဖြစ်ပါတယ်။

ပထမဆုံး သိဖို့က ၀ိတ်ချဖို့ Diet လုပ်ရမှာ မဟုတ်ပါဘူး။ ကျန်းမာစေတဲ့ အစားအသောက် အနေအထိုင် မရှိလို့ ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ Healthy life style adjustment လို့ခေါ်တဲ့ ကျန်းမာစေတဲ့ အိပ်ပုံ စားပုံ ပြောင်းရမှာဖြစ်ပါတယ်။ ကျန်းမာလာတာနဲ့ ကိုယ်ရည်စစ်သွားတာပါပဲ။

⛔ပိန်ဆေးစားတာနဲ့ ညစာ မစားတာဟာ အန္တရာယ်ရှိပါတယ်။ အစာမစားတာဟာ အန္တရာယ်ရှိတဲ့ အပြင် စားတာနဲ့ ပြန်ဝပါတယ်။

ကျနော့်ရဲ့ ဘ၀နေထိုင်မှု ပြုပြင်နည်းမှာ အဆင့် ၃ ဆင့် ရှိပါတယ်။

✴️စိတ်သဘောထား၊ အစားအသောက်၊ နေထိုင်မှုပုံစံ ဖြစ်ပါတယ်။

၁။ စိတ်လေ့ကျင့်ခန်း

သဘောထား မမှန်ရင် အမှားလုပ်တာကြောင့် စိတ်ထားကို ပြုပြင်ရပါတယ်။ Stress ဆိုတဲ့ စိတ်ဖိစီးမှု လေးတွေဟာ ၀ိတ်တက်တဲ့ အဓိကတရားခံပါ။ အကြီးအကျယ် ပူပင်နေတာမျိုး မဟုတ်ပဲ စိတ်ထဲမှာ မြုံပြီး ကြောင့်ကျနေတာမျိုးတွေပါ။ အဲ့ဒါတွေဟာ သတိမထားရင် ကိုယ်ခန္ဒာက အချိုသကြား ကို တောင့်တပြီ။ အစာတွေကို ပိုစားစေပါတယ်။ စိတ်ဖိစီးနေတာကြောင့် ကိုယ်ခန္ဓာက အရေးပေါ်ထုတ်သုံးဖို့ စားထားတာတွေကို သိုလှောင်ပါတယ်။

ဝတဲ့လူ အများစုရဲ့ အဓိကတရားခံဟာ စိတ်သောက ဖြစ်ပါတယ်။
လူဟာနည်းအမျိုးမျိုးနဲ့စိတ်ညစ်ပါတယ်။ အလုပ်အကိုင်၊ စီးပွားရေး၊ မိသားစုအရေး၊ ကျန်းမာရေး၊ နောက်ဆုံး ၀ လို့ လဲ စိတ်ညစ်ပါတယ်။ ၀ လို့စိတ်ညစ် စိတ်ညစ်လို့ပိုစား ပို ၀ နဲ့ ဒီ သံသရာက မလွတ်တော့ပါဘူး။

My favourite thingsWhere stories live. Discover now