စိတ်ဓါတ်ကျတိုင်း ဖတ်ရန် ...!

82 1 0
                                    

စိတ်ဓါတ်ကျတိုင်း ဖတ်ရန် ...!
---------------------------------
မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့..
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ။

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုပါကို ပြန်ထိန်းပါ။
ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ။
သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ..
ပိုးပြီးမျက်ရည်ကျအောင်လုပ်မဲ့သူပဲရှိတယ်။
ငိုစရာရှိတာ ကိုပါကို ငိုချလိုက် ပြီးရင်
တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်
ဖြစ်အောင်နေပါ။
သူများကို သွားပြောရင်..
မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး ..
လူတိုင်းကျတတ်တာပဲ ..
ကိုယ်ပါကို ပြန်ပြီး ဆွဲမတင်နိုင်မှ
မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး
ကိုယ့်အားကို ကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက်
ကူညီမဲ့လူ ရှားတယ်။

မိဘကိုလဲ တသက်လုံး ဒုက္ခပေးမနေနဲ့..
မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပြီး ကူညီလိုက်ပါ။
Credit: သက်ထက်တန်

My favourite thingsKde žijí příběhy. Začni objevovat