သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၆)

Start from the beginning
                                    

"အားတာပါ့.... ဘာအလုပ်မှမရှိဘူး... ပျင်းတာကြီး... ​ရုံးကြီး.. ကားပါကင်မှာ....''

"အားရင်... ဂိမ်းဆော့နေပါ့လား.. ငါ့ကိုလာနှောက်ယှက်မနေနဲ့.. ငါမအားဘူး....''

"ဘာမအားတာလဲ... အူးအိပ်နေတာမဟုတ်လား... မညာနဲ့..''

"အိပ်မနေဘူး... ငါရုံးပျက်တဲ့ရက်တွေက.. အလုပ်အကြွေးတွေလုပ်နေတာ.. ခုထိ​တောင် မပြီးသေးဘူး...''

"သေချာလို့လား... သားရဲ့နှလုံးသားထဲက... အူးအိပ်နေတယ်လို့.. ခံစားပြီးသိနေတာနော့်...''

"သောက်ပိုတွေပြောမနေနဲ့ ၊ဒါဘဲ ၊ငါအလုပ်လုပ်အုံးမယ်''

"အူး... ညစာဘာဟင်းချက်မလဲ... သား.. အူးလက်ရာမစားရတာ.. ကြာပြီ... ချက်ကျွေးပါအုံး...''

"ငါချက်ချင်ရာချက်မှာပါ့...''

"အူးကလဲဗျာ... ကိုယ့်ချာတိတ်လေး.. ဘာစားချင်လို့လဲ... အူးဘာချက်ကျွေးရမလဲဆိုတာမျိုးလေး... ပြောပါလား... roလို့ကိုမရဘူး...''

"ဟေ့... roချင်ရက်အစကတည်းက.. အဲ့လိုဟာတွေသွားကြိုက်လေ.. ငါတော့ မroတတ်ဘူး... ရှင်းတယ်နော်... ပြီးရင်.. ငါစားချင်တာငါချက်မှာ... စားနိုင်ရင်စား...စကားမရှည်နဲ့...''

"ရတယ် အူးချက်တဲ့လက်ရာ ဘာမဆိုစားမယ်...''

"ပြီးတာဘဲလေ...''

အဖြူကောင်ကို အနိုင်နဲ့ပိုင်းပြီး ထားခဲ့လိုက်သည်။
နေပါအုံး... ဟင်းချက်မယ်ဆိုမှ.. ဘာဟင်းချက်ရပါ့မလဲ။

တော်ပြီ... တခြားဘာမှမချက်တော့ပါဘူး။
မာလာရှမ်းကောဘဲ လုပ်စားတော့မယ်။

ခဗျားတို့မှတ်မိရဲ့လား။ မာလာရှမ်းကောက ဘယ်သူ့အကြိုက်လဲလို့။
ကဲ..လမ်းထိပ်ကစျေးကို ခနပြေးပြီး လိုတာလေး သွားဝယ်အုံးမယ်ဗျာ။

----------vvvvvv-----------

ညနေ၄နာရီ....။
အဖြူကောင်ရဲ့ ဂျူတီက ၅နာရီလောက်မှ ပြီးမည်ထင်သည်။

အဖြူကောင်ကို စောင့်ရင်း မာလာရှမ်းကောအတွက် လိုအပ်သည်များ လှီးချွတ်ပြင်ဆင်နေလိုက်သည်။ ချာတိတ်ကို
ပြန်ရောက်တဲ့အချိန်မှ ပူပူနွေးနွေး လုပ်ကျွေးရမည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now