ဒေါ်ထက်သဉ္စာ ခေတ် ခေါင်းငုံ့ ကာ
" အန်တီမှာ ပြောစရာစကားမရှိပါဘူး ကွယ် အရာအားလုံးအတွက်တောင်းပန်ပါတယ် အဲ့တုန်းက မင်းတို့လေးတွေငယ်သေးတာကြောင့် စိတ်ကစားတယ်ထင်ခဲ့တာ
နောက်တော့ ပတ်ဝန်းကျင်အပြောကို အန်တီသားကိုမခံစေချင်တာကြောင့်ရယ် အန်တီ မှားမိပါတယ် အန်တီ ဒီလို လုပ်ပီးတောင်းပန်ပါတယ် အန်တီသားဆီပြန်လာပေးနိုင်မလားဟင် သား လေ မင်းထွက်သွားတဲ့နေ့ ထဲက အရင်လို ပျော်ပျော်မနေတော့ဘူး မိန်းကလေးတွေကိုတစ်ယောက်ပီးတစ်ယောက်တွဲတယ် ဟင့် မိခင်တစ်ယောက်အနေနဲ့ မှားမိတာမို့  အန်တီကိုခွင့်မလွှတ်ရင် နေပါ သားဆီပြန်လာပေးပါလားဟင် "လက်ဖဝါးနှစ်ဖက်ကိုပွတ်ရင်း မျက်ရည်များကျကာပြောနေသော ဒေါ်ထက်သဉ္စာခေတ်ကိုကြည့်ကာ ဧကရာဇ် စိတ်မကောင်းဖြစ်ရပြန်တယ်
"အဲ့လိုမဟုတ်ပါနဲ့  အန်တီ ကျွန်တော် ခေတ်ကို လက်မလွတ်ဖို့ ဆုံးဖြတ်ပီးသားပါ "
ဒေါ်ထက်သဉ္စာခေတ် ပြန်သွားမှ ဧကရာဇ် လည်း အသက်ရှုဝတော့တယ်
သွေး မနက်ကကိစ္စကြောင့် အလင်္ကာနောက် လိုက်ချောင်းဖြစ်တယ် သူမဟုတ်တဲ့ ယောက်ျားတစ်ယောက်နဲ့  နမ်းရှိုက်နေကြတာ
bar မှာထိုင်ကာ အရက်ခွက်ဆွဲတော့တယ်
"ဟက် ဘာလို့လဲ ငါချစ်တဲ့သူအားလုံးကို လုယူသွားကြတာလဲ အီးဟီး အဟင့်ဟင့် "ဖုန်းလာနေတာတောင် မကိုင်နိုင်လောက်အောင် ခေါင်းပင်မထောင်နိုင်တော့ ထို့ကြောင့် barဝန်ထမ်းလေးမှ
"Hello ဒီဖုန်းပိုင်ရှင် မူးပီးမှောက်နေလို့ပါ "
" ဘယ်barလည်း ဗျ "
"**** မှာပါ"
သက္ကရာဇ် သွေးကိုစိတ်ပူတာကြောငိ့ ဖုန်းဆက်ပေမယ့် မူးပီးမှောက်နေတယ်ဆိုတာကြောင့် ကားသော့ယူပီး သွားကြိုမယ်အလုပ်
အိမ်း ကိုကို ကိုသွားကြိုးခိုင်းတာ ကောင်းမယ်
"ကိုကိုရေ ကိုကို အိပ်ပီလား "
"ညီညီ ကိုကိုမအိပ်သေးဘူး "
"ဒါဆို အတော်ပဲ ကိုကိုရာ ****barမှာ သွေးကိုသွားခေါ်ပေးပါလား မူးပီးမှောက်နေသတဲ့ ညီညီက ခေါင်းမူးနေလို့  သွားခေါ်ပေးနော် "
![](https://img.wattpad.com/cover/257037356-288-k72771.jpg)
STAI LEGGENDO
Meeting Ultimate Gods System(completed)
Storie d'amoreဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်
arc(1.8)
Comincia dall'inizio