Arc 3 (Violinista)...7

Mulai dari awal
                                    

Deanကြည့်နေတုန်း Oliviaနဲ့မျက်လုံးချင်းဆုံမိသွား၏ Oliviaလည်း အံ့သြသွားပုံနဲ့ သူ့ရှေ့က ကောင်လေးကို လက်ကုတ်ပြီး သူရှိတဲ့နေရာကို ညွှန်ပြလိုက်တာ Deanတွေ့လိုက်တယ် ထိုကောင်လေးလည်း သူ့ဆီလှည့်ကြည့်လာတယ်
'ဟမ် Davidရဲ့ သူငယ်ချင်း Jake?'
အဲဒီနှစ်ယောက်က ဘာလို့အတူရှိနေတာလဲဆိုတာတွေးနေတုန်းမှာပဲ ထိုနှစ်ယောက်က သူ့ဆီလျှောက်လာတယ် ဒီနှစ်ယောက်ကမကောင်းသတင်းထွက်နေတဲ့သူ့ကို မသိချင်ယောင်မဆောင်ဘူးဆိုတော့ သူ့ရင်ထဲ နွေးထွေးသွားမိသည်

"Hello Sir"

Oliviaနဲ့Jakeက ယဥ်ယဥ်ကျေးကျေးလေးနဲ့ သူ့ကိုနှုတ်ဆက်လာတယ်

"မင်းတို့နှစ်ယောက်ကိုတွေ့ဖူးတယ်ထင်ပြီး ကြည့်လိုက်တာ ငါ့ရဲ့ကျောင်းသားတွေဖြစ်နေတာပဲ ထိုင်ကြပါဦး"

Deanပြောလိုက်တော့ Oliviaနဲ့ Jakeကသူ့ရှေ့မျက်နှာချင်းဆိုင်ကခုံတွေမှာ ဘေးချင်းကပ်ထိုင်လိုက်တယ် နှစ်ယောက်သားက သူ့မှာထားတာတွေကိုလည်း အံ့သြစွာကြည့်နေ၏ စားပွဲထိုးတွေကတော့သူတို့နှစ်ယောက်အတွက် ရေခွက်တွေလာချပေးတယ်

"မင်းတို့နှစ်ယောက်က အတန်းမတက်ဘူးလား"

သူမေးတာကို Jakeက တည့်တိုးကြီးဖြေချလိုက်တယ်
"ကျွန်တော်တို့ Dateနေတာ"

"အော်"
Jakeရဲ့ရှင်းလင်းတဲ့အဖြေကြောင့် ဘယ်လိုပြောရမှန်းတောင်မသိတော့ပေ

"ဆရာကရော ဒီနေ့အတန်းမရှိဘူးလား"
Oliviaကလည်း Deanကိုမေးလိုက်တယ်

"ဒီနေ့ တယောပြိုင်ပွဲရှိလို့"

Deanဖြေပြီးတော့ စကားဝိုင်းက ပြန်တိတ်သွားတယ် Jakeက ရေတစ်ဖန်ခွက်လုံးကိုသောက်ပြီးတာနဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်
"ခင်ဗျားကနွမ်းပါးတဲ့ဘဝကိုစိတ်ပျက်ပြီး ဘော့စ်တစ်ယောက်နဲ့တွဲနေတယ်လို့ကြားရတယ် ဒါပေမယ့် Davidရဲ့ ခံစားချက်တွေကိုလည်းထည့်စဥ်းစားသင့်တယ်

Deanက Jakeရဲ့ စကားကြောင့်ခဏကြောင်သွားပေမယ့် Oliviaကတော့ Jakeရဲ့ လက်မောင်းကိုဆိတ်ဆွဲလိုက်သည်
"ဘာလို့ကိုယ့်ကို ဆိတ်ဆွဲတာလဲ"

JakeကိုOliviaကထပ်ဆိတ်ဆွဲပြီး တိုးတိုးလေးပြောလိုက်တယ်
"အမှန်ကိုမသိဘဲနဲ့ ကောလဟာလတွေကိုလျှောက်ယုံနေတယ် ဆရာက ဒီစားသောက်ဆိုင်ပိုင်ရှင်ဆိုတာရောသိရဲ့လား ဆရာရဲ့ မျိုးရိုးနာမည်ကိုလည်း အသေအချာစဥ်းစားဦး"

UntitledTempat cerita menjadi hidup. Temukan sekarang