Arc 3 (Violinista)...7

Start from the beginning
                                    

"မင်းကျောင်းသွားရဦးမှာ မြန်မြန်ပြင်ဆင်သင့်တယ်"

သူ့ကိုကျောင်းသွားဖို့ ပြင်ဆင်ရန်ပြောပေမယ့် Deanက အိမ်နေရင်း ဝတ်စုံပဲ ဝတ်ထားတာပြီး sofaမှာအေးဆေးထိုင်နေတာကြောင့် David
နားမလည်ဖြစ်ရတယ်

"ဒီနေ့ မနက်ပိုင်း အတန်းချိန်ရှိတယ်မဟုတ်ဘူးလား Dean"

"အာ ဒီနေ့ငါခွင့်ယူထားတယ် နေ့လယ်မှာနိုင်ငံတကာ တယောပြိုင်ပွဲအတွက် ပြိင်ပွဲဝင်ရွေးချယ်ပွဲရှိလို့"

Davidသိပ်တော့ မအံ့သြဘူး Deanက တကယ်တော်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဒီလိုပြိုင်ပွဲတွေပြိုင်နိုင်မှန်းသူသိသည်

"ခင်ဗျားရွေးချယ်ခံရမှာပါ"

သူရွေးချယ်ခံရမယ်လို့ အခိုင်အမာပြောနေတဲ့ Davidကြောင့် Deanရဲ့ နှလုံးသားလေးပြန်နူးညံ့သွားရသည် တကယ်ကသူDavidကို နည်းနည်းလေးစိတ်ဆိုးနေတာဖြစ်တယ် မနေ့ကနမ်းခဲ့တာကို မမှတ်မိဘူးဆိုတာ ခန့်မှန်းထားပေမယ့် သူ့မှာမှတ်မိမလားဆိုတဲ့ စိတ်လေးရှိခဲ့တယ် ဒါပေမယ့်
အဲဒီငကြောင်ကတကယ်လည်း မမှတ်မိဘူးလေ..
Davidက ကျောင်းသွားတော့ Dean တစ်ယောက်တည်း sofaမှာထိုင်နေတုန်းဖြစ်တယ်
'ငါ့ရဲ့ ပြင်သစ်စားသောက်ဆိုင်မှာ အသစ်အဆန်းလေးတွေသွားစားကြည့်ရင်ကောင်းမလား'
......
"သခင်လေး ဒီဟင်းတွေကမြည်းကြည့်ပါဦး"
Deanသူရဲ့ပြင်သစ်စားသောက်ဆိုင်ကိုရောက်တော့ ဗိုက်ဆာတယ်ပြောလိုက်ရာ ဆိုင်ရဲ့ မန်နေဂျာကသူ့ရှေ့ကို ဟင်းပွဲတွေ အများကြီးယူလာခဲ့တယ်

"နည်းနည်းလောက်ဆိုလည်းရပါတယ် ဗိုက်ပြည့်ရုံလေးပဲကို အရမ်းမဖြုန်းတီးမိစေနဲ့"

"ဟုတ်ကဲ့ပါ သခင်လေး နောက်မဖြစ်စေရပါဘူး"

Deanစားနေတုန်း စားသောက်ဆိုင်ထဲ မျက်လုံးဝေ့ကြည့်လိုက်ရာ သူနဲ့ စားပွဲသုံးခုကျော်မှာ
ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတဲ့ Oliviaကိုတွေ့လိုက်တယ်
သေချာတာကတော့ Oliviaနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ကောင်လေးက ဇာတ်လိုက်ကောင် Eastonမဟုတ်...ဒါပေမယ့် Oliviaရဲ့ အပြုံးတွေက ဘာလို့အရမ်းတောက်ပနေရတာလဲ
'အဲ့ကောင်လေးက ဘယ်သူပါလိမ့်??'

UntitledWhere stories live. Discover now