" ဟင့်အင်း ကျွန်တော်သူ့ကိုမချစ်ဘူး အစထဲကကွာရှင်းဖို့လုပ်ပြီးသာပဲ ရင်သွေးလေးရှိလို့ဆိုပြီးမကွာရှင်းဖြစ်မှာစိုးလို့တမင်အသိမပေးခဲ့တာ တကယ်လို့အစထဲကရင်သွေးရှိမှန်းသိခဲ့ရင်ကွာရှင်းဖို့ပြောမှာပဲ ရင်သွေးလေးရှိလို့သူကွာရှင်းဖို့လက်မခံရင်ကျွန်တော်ရင်သွေးကိုဖျက်ချပစ်မယ်ဆိုပြီးအကျပ်ကိုင်ပြီးကွာရှင်းခိုင်းမှာပဲ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်မချစ်ဘဲကလေးယူမိတဲ့အတွက်လဲကလေးအပေါ်အားနာမိတယ် ရိပေါ့်ကိုတမင်အနိုင်လိုချင်လို့ ယူလိုက်မိတာ တကယ်တမ်းရှုံးနေတာကျွန်တော်မှန်းအစထဲသာသိခဲ့ရင် ..."

ကျန့်ကျန့်စကားကြားတော့အားလုံးအံ့သြမှင်သက်ကုန်သည် ... ကျန့်ကျန့်ကမာနကြီးရုံအတ္တကြီးရုံတင်မဟုတ်ဘဲ အငြိုးကလဲတအားကြီးတာပဲ ...ကိုယ့်ရင်သွေးအသက်နဲ့တောင်အကျပ်ကိုင်အုံးမယ်တဲ့လား ...အနိုင်လိုချင်လို့ သူ့ဘ၀ကိုတောင်ရင်းပြီး ... ဘုရား ဘုရား !

ထိုအချိန်အပြင်မှာနားထောင်နေတဲ့သူရှိနေမယ်မှန်းရှောင်းကျန့်သိခဲ့ရင်အဲ့လိုပြောထွက်ပါ့မလား ...ရှောင်းကျန့်ထွက်သွားမယ်လို့ ရိပေါ်ကိုကျန်းချန်က ph ဆက်ပြောလို့ ရိပေါ်လာခဲ့ခြင်းဖြစ်သည် ...သူphမဆက်လဲ ဒီနားတဝိုက်မှာ ရိပေါ်လူတွေလွှတ်ထားတာအများကြီး ရှောင်းကျန့်အကြောင်းသူသိလို့ ...

အခုကြားရတာကသူ့နားနဲ့ပင်မယုံနိုင် ...
စိတ်တိုတိုနဲ့တံခါးဖွင့်၀င်သွားလိုက်တော့ ကျန်းချန်ကလွဲလို့အကုန်အံ့သြနေကြသည် ... ရှောင်းကျန့်ကထိပ်ဆုံးကပေါ့ ... သူ၀င်သွားလို့ပေါ့ မဟုတ်ရင် ဒီထပ်ဆိုးတဲ့စကားတွေထပ်ထွက်လာရင်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ...

" ရိပေါ် "

ရှောင်းကျန့် အံ့သားသင့်ပြီး သူ့နာမည်ခေါ်လိုက်သည် ... ဒင်းလေးက၀င်လာကထဲကသောင်းကျန်းတော့တာပဲ ...

" ခင်ဗျား ဘယ်လိုအဖေမျိုးလဲ ဟမ် !ရှောင်းကျန့် ကျုပ်နဲ့ကွာဖို့ကိုအဲ့လောက်စိတ်အားထက်သန်နေတာလား အဲ့တာအရေးမကြီးဘူးထားအုံး !ခင်ဗျားရဲ့စောက်ရေးမပါတဲ့မာနတွေအတ္တတွေအတွက် လူ့လောကထဲရောက်ခါစအပစ်မဲ့တဲ့ကလေးရဲ့အသက်နဲ့တောင်အကျပ်ကိုင်အုံးမှာတဲ့လား ခင်ဗျားဆရာ၀န်တစ်ယောက်ဖြစ်ပြီးလူစိတ်မရှိဘူးလား ဟမ် !
ဖြေလေ ရှောင်းကျန့် ကျုပ်ကိုအနိုင်ယူချင်တာများပွင့်ပွင့်လင်းလင်းပြောပါတော့လား အနိုင်ပေးလို့ရတယ် အခုဟာကအပြစ်မရှိတဲ့ကလေးကို လူ့လောကထဲခေါ်ပြီးစောက်သုံးမကျတဲ့ခင်ဗျားရဲ့မာနတွေအတွက် ကလေးကိုခုတုန်းလုပ်တာ ဟုတ်လား !ဖြေလေ !
ခင်ဗျား အ, နေတာလား တောက်စ် !ခင်ဗျားကမိဘမဖြစ်ထိုက်ဘူး ခင်ဗျားလိုလူစိတ်မရှိတဲ့သူက ကျုပ်ရင်သွေးကိုမလွယ်သင့်ဘူး အစကလိုတားဆေးပဲသောက်နေပါ့လား!
ခင်ဗျားဗျာ...ခင်ဗျား ...အစောကစကားကိုတခြားသူတစ်ယောက်ကပြန်လာပြောပြရင်တောင် ဒီကောင်ကလုပ်ကြံဇာတ်လို့ထင်မိအုံးမှာသိလား အသံသွင်းပြီးလာနားထောင်ခိုင်းရင်လဲ အသံတူတာလို့တွေးနေအုံးမှာ ခင်ဗျားကိုယ့်ကလေးအပေါ်အဲ့လိုတွေးခဲ့တာတောင် ငါပဲမွေးမယ် ငါပဲကျွေးမယ် ငါပဲစောင့်ရှောက်မယ် မင်းစောင့်ရှောက်စရာမလိုဘူး ငါတို့နဲ့ပတ်သတ်စရာမလိုဘူးလို့ဘယ်လိုမျိုးစိတ်သန့်သန့်နဲ့  ပြောနိုင်ရတာလဲ ။ဘာလဲ!မွေးပြီးမှ ထပ်ပြီးကလေးအသက်နဲ့အကျပ်ကိုင်အုံးမလို့လား ဟမ်! ရှောင်းကျန့်
ဖြေလေ တောက်စ်! အဲ့စောက်ပါးစပ်ကပိတ်မထားနဲ့ ဖြေ !သုတ် !အဲ့မျက်ရည်တွေအခုချက်ချင်းသုတ်လိုက် ခင်ဗျားဘာမျက်ရည်မှကျစရာမလိုဘူး အတုအယောင်တွေ "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now