"အချစ်..."
ကားတံခါးအားဖွင့်ကာသူ့အားအပြုံးလေးဖြင့်ဆီးကြိုနေသည့်မောင့်လက်တွေပေါ်သို့သူ့ရဲ့လက်တွေအားထပ်တင်လိုက်လေသည်။
~ဒီလက်တွေကိုဘယ်တော့မှမဖြုတ်တော့ဘူး မောင်.......တစ်ဘဝလုံးမောင့်ကိုတွယ်ကပ်နေမှာ...။
"မောင် ခြံထဲမှာ အသီးအရွက်ပင်တွေစိုက်ကြမယ်နော်."
"အင်း ."
သူက ခြံတံခါးအား တွန်းဖွင့်လိုက်ရင်း အဖြေပေးလိုက်လေသည်။လူသွားလမ်းကလေးတစ်လျှောက်ကို သူ့လက်မောင်းအားမှီကာလိုက်လာသည့်အလင်းမျက်မှာလေးကကြည်လင်လို့နေလေသည်။အဖြူရောင်လုံးချင်းတိုက်ကလေးဆီသို့လက်ချင်းယှက်ကာလျှောက်လာလိုက်ရင်း...
"မောင်ရေ ဒီရှေ့နားလေးမှာတော့ ပန်းပင်လေးတွေစိုက်ကြမယ်နော်..."
"သဘော"
အလင်းနဖူးလေးအားလက်ဖြင့်တောက်လိုက်ရင်းသူကပြုံးကာခေါင်းညိမ့်ပြလိုက်လေသည်။အလင်းရဲ့ဆန္ဒတွေဟာ သူ့အတွက်အမိန့်တစ်ခုပဲမဟုတ်လား။အလင်းက အလုပ်သမားတွေထားတာမကြိုက်သည်မို့ ခြံစောင့်ပင်မထားပေ။သူလိုချင်တာကတော့ သူတို့နှစ်ဦး အေးအေးချမ်းချမ်း နဲ့ ပျော်ပျော်ရွှင်ရွင်အသက်တွေကြီးသွားချင်ရုံသာဖြစ်သည်။
သူ့အတွက်တော့နံပတ်၁သည်အလင်းဖြစ်၍နံပတ်၂လည်းအလင်း...အဆုံးမရှိသောအရာများအားလုံးပင်ဖြစ်စေကာမူ အလင်းသာသူ့အတွက်ဘဝ..အလင်းသာ.သူ့အတွက်အရာရာဖြစ်သည်။
သူ့အဖေကပြောတယ်ပျော်ရွှင်တဲ့မိသားစုဘဝဆိုတာ သားသမီးတွေပါမှပြည့်စုံတာတဲ့..သူ့အတွက်တော့အလင်းသာမပါရင် ပျော်ရွှင်တဲ့မိသားစုဆိုတာကိုပင်မလိုချင်ပေ။
အိမ်တံခါးလေးအား သော့ဖွင့်လိုက်လေပြီး အထဲသို့ဝင်လာလိုက်လေသည်။လုံးချင်းအိမ်ကလေးကသူတို့နှစ်ယောက်အတွက်ခိုလှုံရာလေးဖြစ်လာတော့မည်။
အိမ်ရဲ့ဆိုဖာကအစမီးဖိုခန်းပစ္စည်းကအဆုံးမောင်ကိုယ်တိုင်ဝယ်ပြီး ကိုယ်တိုင်ပြင်ဆင်ခဲ့တာတဲ့လေ။ရင်ထဲတစ်သိမ့်သိမ့်ကြည်နူးလာမိလေသည်။သူကအိမ်ကလေးအားပတ်ကြည့်ကာသဘောအကျကြီးကျနေလေတော့သည်။
YOU ARE READING
မောင်လူဆိုးလေး(Complete)
Romanceတစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်
part26
Start from the beginning