ဒင်းလေးရဲ့စကားကိုကြားတော့ရိပေါ်နဲ့ဟောက်ရွှမ်းကအံ့သြသွားပုံရ၏။ကျွန်တော်တို့ချစ်သူဖြစ်တာကိုဆေးရုံကရင်းနှီးတဲ့သူတွေကလွဲလို့တခြားဘယ်သူမှသိတာမှမဟုတ်ဘဲ။

ဒင်းလေးအဲ့လိုမေးလိုက်တော့ရိပေါ်ကကျွန်တော်နဲ့ " မ"ကိုစိုက်ကြည့်နေ၏။"မ"ကခေါင်းငုံ့နေတော့မသိဘူးကျွန်တော်ကတော့မြင်တယ်လေ။ပြီးတော့သူအထင်လွဲမှာကြောက်တယ် တခြားကြောင့်တော့မဟုတ်ပါဘူး ကျွန်တော်တို့ကရိုးသားပေမဲ့သူ့စိတ်ထဲကျွန်တော်ဖောက်ပြန်နေတယ်ထင်မဆ်ိုးလို့ ။ကျွန်တော်ကကျွန်တော့်သိက္ခာကိုလာထိပါးရင်ကြိုက်တာမဟုတ်ဘူး။အဲ့တာကိုဟိုဒင်းလေးကဘုမသိဘမသိနဲ့ရောက်ရောက်ချင်းဆောက်နဲ့ထွင်းနေတာ...

ကျန်းချန် " ဟေ့ကောင် ဘာတွေလျှောက်ပြောနေတာလဲ ရှေ့မကြည့်နောက်မကြည့် ဘုမသိဘမသိနဲ့ "

"ဗျာ ကျွန်တော်ပြောတဲ့ထဲဘာအမှားပါသွားလို့လဲ "

" ငကျန့်ကအိမ်ထောင်သည်ဖြစ်နေပြီကွ သူရဲ့ခင်ပွန်းက စီနီယာ၀မ်ချင့်မောင်ဟောက်ရွှမ်းရဲ့သူငယ်ချင်း မင်းဘေးမှာရပ်နေတဲ့၀မ်ရိပေါ်ကွ "

"ဗျာ! ဘယ်လိုတေဖစ်ကုန်တာလဲ အဲ...ဒီကအစ်ကိုကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တကယ်မသိလို့ပါ ...ကျန့်ကောကိုလဲတောင်းပန်ပါတယ်ဗျ "

သူလဲအားနာနေတယ်ထင်ပါတယ် ပြာပြာသလဲတောင်းပန်နေတာ…ရိပေါ်ကရုပ်တည်နဲ့ဆိုတော့ကြောက်လဲကြောက်နေရှာမှာ…

"ထားလိုက်ပါ မင်းမှမသိပဲ ... ဟေ့ကောင်ကျန်းချန် ငါပြန်ပြီ ကောကိုလဲနှုတ်ဆက်တယ်လို့"

ပြောပြီးပြန်မယ်အလုပ်မှာ​အနားကိုရောက်လာပါပြီ။ခင်ဗျားလဲဘာစကားမှမမှားပါစေနဲ့ …ရိပေါ်ရှေ့မှာအရှေ့ကတစ်မှုကအခက်မသင့်ရင်စကားများရအုံးမှာမို့ ခင်ဗျားပါထပ်မှားရင်ကျုပ်တို့တစ်ညလို့စကားများလို့ပြီးမှာမဟုတ်ဘူးဗျ...

ကိုယ်ကမမှားပေမဲ့အခုကအထင်လွဲစရာပုံစံဖြစ်နေတာမလား။သူဒီညလဲအိမ်ပြန်မလာရင်တော့စကားများစရာမလိုဘူးပေါ့ ကျွန်တော့်ဆုတောင်းမပြည့်ပါဘူး ကျွန်တော်မပြောဘူးလား ဒီညကကံဆ်ိုးတဲ့ညလို့...

🦁💚my husband🐰❤️ { Complete }Where stories live. Discover now