အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး

Start from the beginning
                                    

ကျောက်ရုပ်လို မလှုပ်မယှက်ဖြစ်နေသော ဒေါက်တာ Ka-kochanအား လွန်းငယ် လက်လျော့လိုက်ရသည်။ ကော်လံအား ဆုပ်ကိုင်ထားသော လက်များကိုလွှတ်ပေးကာကိုကို့ဆီသို့သွားလိုက်သည်။

ပန်းများဝန်းရံနေသော ဓာတ်ပုံတစ်ပုံက လွန်းငယ်အား လှောင်ပြောင်နေသယောင်။ ကိုကို ဘယ်မှာ ပုန်းနေတာလဲ။ ဓာတ်ပုံတစ်ပုံနှင့် သူ့အား စနောက်နေသည်က ကိုကို တကယ်လွန်လွန်းသည်။ မမြင်ရတာ ကြာသောကြောင့် မြင်ချင်လွန်းလှသော မျက်နှာက ဓာတ်ပုံတွင် ပြုံးရယ်ပြနေသော ကိုကို့ကို မဟုတ်။ အကြင်နာ မျက်ဝန်းများဖြင့် သူ့အား ကြည့်ကာ အပြုံးခပ်ယဲ့ယဲ့သာ ပြုံးတတ်သည့်ကိုကို့ကိုပင်။

"ကိုကို ဒီမှာ ရှိတယ်မဟုတ်လား...ကိုကို ထွက်လာခဲ့ကွာ...ငယ့်ကို မစနဲ့တော့...ငယ် ကိုကို့ကို တကယ်စိတ်ကောက်တော့မှာ...ထပ်စနေရင် ငယ် ကိုကို့ကို တသက်လုံးမခေါ်တော့ဘူး"

အမြဲတမ်း သူ ခြိမ်းခြောက်တိုင်း စိုးရိမ်စွာ ပေါ်လာတတ်သည့်ကိုကိုက ယခုအချိန်တွင် လုံးဝရောက်မလာခဲ့။ နှစ်လလောက် သူ စိတ်ကောက်မိသောကြောင့် တခါမှ သူ့အား စိတ်မဆိုးဖူးသော ကိုကိုက စိတ်ဆိုးနေခဲ့သည်လား။

"ကိုကို ငယ် ရောက်နေတယ်လေ...ကိုကို့အချစ်ဆုံး ငယ် ရောက်နေတယ်လေ...ငယ် မဆိုးတော့ဘူးနော် ကိုကို...ငယ် လိမ္မာတော့မယ်...ကိုကို မကြိုက်တာ ဘာမှမလုပ်တော့ဘူး...ထွက်လာခဲ့နော် ကိုကို"

အသံကျယ်ကျယ်ဖြင့် အခန်းထဲ အရူးတစ်ယောက်လို လှည့်ပတ်အော်နေသော်လည်း ကိုကိုကလုံးဝ ထွက်မလာခဲ့။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူများက လူနာဝတ်စုံဝမ်းဆက်နှင့်သူ့အား လူထူးဆန်းသဖွယ် ဝိုင်းကြည့်နေကြသည်။

"ဒေါက်တာ...ကိုကို ဘယ်နေရာမှာလဲ....ဒေါက်တာသိတယ်မလား....ကိုကို ဘယ်မှာလဲ ကျွန်တော့်ကိုပြောပြ...ဖုန်းထဲ ဒေါက်တာ ပြောတယ်လေ ကိုကို ဒေါက်တာနဲ့ အတူရှိတယ်ဆို"

ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည့် ဒေါက်တာ Ka-kochan၏ လက်များ အပေါ်သို့မြှောက်လာကာ နေရာတစ်ခုအား လက်ညှိုးထိုးပြလာ၏။

စေရာ(Complete)Where stories live. Discover now