ဇာတ်သိမ်း

Start from the beginning
                                    

မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်က မျက်နှာသစ်ပြီးကာစ အချိန်ဆိုရင်၊ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချိန်ကတော့ ခုတင်ပေါ်ကကိစ္စလုပ်နေတဲ့အချိန်ပဲ။ တခြားယောက်ျားလေးတွေတော့ မသိပေမယ့် မောင်ထူးက အိပ်ရာထဲမှာဆို တအားဆွဲဆောင်မှုရှိတာ။ ဒီတိုင်းနေရင်လည်း ဆွဲဆောင်မှု ရှိပါတယ်။ အိပ်ရာထဲမှာတော့ ပိုတာပေါ့။ သူ့ရဲ့အသက်ရှူသံပြင်းပြင်းက စိတ်ကိုပိုပြီးကြွစေတယ်။ အားထုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးသီးချွေးပေါက်ကလေးတွေက သူ့မျက်နှာထက်မှာ တွဲလဲခိုလို့။ တစ်ခါတစ်ခါဆို အသက်ကိုပါးစပ်နဲ့ရှူပြီး မျက်လုံးမှိတ်၊ခေါင်းမော့လိုက်တဲ့ပုံက ဆက်စီအရမ်းကျလွန်းတာကြောင့် ကျွန်တော်ကြွေတာအရမ်းပါပဲ။ အဲ့လိုအချိန်မျိုးဆို စည်းချက်တကျလှုပ်ရှားနေတဲ့ သူ့ရင်ဘက်က ရင်အုံနှစ်ခုကို ပြေးပြေးပြီး ကိုက်ပစ်ချင်တာ ဘယ်လိုမှထိန်းမရဘူး။ အမြဲတမ်းလည်း သူ့ကို ကျွန်တော်အပေါ်ဆွဲချပြီး ကိုက်မိတာပဲ။ ကျွန်တော်ကိုက်လိုက်တိုင်းလည်း ကျွန်တော့်အတွင်းထဲကပိုပြီး ကြီးမားတင်းကျပ်လာမြဲ။ အဲ့တာကြောင့်လည်း အမြဲကိုက်တာ။

ကျွန်တော်မိန်းကလေး မဟုတ်တာ တော်သေးတယ်လို့ပြောရမယ်။ မိန်းကလေးမဟုတ်တော့ ကလေးမရဘူး။ ကလေးသာရလို့ကတော့ ကလေးနာမည်ကို ထန်ထန်ထူးလို့ ပေးရမယ်ထင်တယ်။ ကျွန်တော် မောင်ထူးကိုမြင်တိုင်း ထန်နေလို့။ သူ့ကိုမြင်တိုင်း အိပ်ရာထဲဆွဲခေါ်ပြီး မဟုတ်တာဘဲ လုပ်ချင်နေတယ်။ အဲ့တာလည်း မောင်ထူးအပြစ်ပဲ။ သူဘာလို့ ဒီလောက်တောင် စွမ်းနိုင်ရတာလဲလေ။ ကျွန်တော်က အစကတည်းက အစွဲအလန်းကြီးတော့ စွဲပြီးပေါ့။ တကယ်လည်း ကောင်းတာကိုး။ တွေးရင်းနဲ့တောင် စိတ်ပါလာပြီ။ မဖြစ်။ မဖြစ်။ ကြာရင်ဖင်က အီးတစက်စက်ကျတော့မယ်။

မောင့်ထူးမွေးနေ့မှာ ရှလူးပြီးနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက် တော်တော်နဲ့ထပ်ပြီး မရှလူးခဲ့ကြဘူး။ မောင်ထူးက ကျွန်တော့်ကို သနားလို့တဲ့။ ကျွန်တော်လည်း မလုပ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။ အဲ့တာကြောင့် ဒီတိုင်းပဲနေခဲ့တာ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now