သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၈)

Start from the beginning
                                    

"ဘာ...ဟိတ်ကောင်.. ငါ ဘယ်လောက်ဘဲ စီစဥ်တယ်​ ကြံစည်တယ်ပြော​ပြော... မင်းက ကာယကံရှင်လေ... မင်းမကြိုက်ရင်ရတာဘဲ... မင်းဘယ်ကစိတ်မဝင်စားရင် ပြီးနေတာဘဲလေ.. လဒ... လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ... မှတ်ထား.. ခွေးသား...''

"မသိဘူးကွာ... လာမပြောနဲ့... မင်းလဲကြံရာပါဘဲ... အခုမှငါ့ကိုချည်း အပြစ်ပုံမချနဲ့... ''

"တောက်... ကျေးဇူးမတင် လင်မရ ဖင်ပါလှန်ပြတယ်ဆိုတာ.. မင်းလိုကောင်ဘဲ... ငါကိုကမှားတာ...''

"ကိုယ့်အမှားကိုယ်သိပြီမဟုတ်လား... ကျေနပ်တယ်... တော်ပီ... ဆက်မပြောနဲ့... မောင်းစရာရှိတာမောင်း...''

"အေး...မောင်းမယ်...မောင်းမယ်...ငယ်သူငယ်ချင်း အရင်းဖြစ်နေလို့သာ... မဟုတ်ရင်.. စောက်ခွက်ကိုချည်း ဖြတ်ရိုက်တယ်သိလား... ပန်းခြံထိပ်ကဆီဆိုင်မှာ ဆီဝင်ဖြည့်ရမယ်... ဆီကုန်နေပြီ...''

"အေး.... အန်... အာ... ဟိတ်​ကောင်... ဆိီဝင်ဖြည့်လို့ရမလား... ငါ့ပုံစံကိုလဲကြည့်အုံးလေ... အတွင်းခံလေးတစ်ထည်ထဲနဲ့... ဆီဆိုင်က ကလေးမတွေ... ငါ့ကိုတွေ့သွားရင်.. ဟားနေမှာပေါ့ဟ.. ပြီးရင် အဲ့အစစ်မတွေက လွယ်တာမဟုတ်ဘူး... တွေးချင်ရာတွေ တွေးပြစ်ကြမှာ.. အာ... မလုပ်နဲ့... မရဘူး... မထည့်နဲ့...''

အကြောက်ကန် ငြင်းနေသည့် ဇွဲကို ကြည့်ပြီး ပြည့်စုံက ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် တုံ့ပြန်လာသည်။

"မဖြည့်လို့ရမလား... ဒီမှာ ဆီဂိတ်က မီးပြနေပြီ... လမ်းမှာဆီကုန်ပြီး ရပ်သွားရင်... မင်းဆင်းတွန်းရမှာနော်... အဲ့ကျမှ... ပိုအရှက်ကွဲမယ်မှတ်.''

"အန်... ဟာကွာ... အခုက ကားမှန်တွေတင်ထားလို့သာ ငါ့ကိုမမြင်တာလေကွာ... ဆီထည့်ရင် မင်းဘက်ကမှန်ကို ချရမှာ.. ငါ့ကိုမြင်ကုန်ပြီလေ.. ဘယ်လိုလုပ်မှာလဲ... ငါရှက်တယ်ကွာ.. နော်.. ယောက်ဖ... တစ်ခုခုစဉ်းစားပါအုံးနော်...နော်.. ချစ်ယောက်ဖကြီး..''

သောက်ခွက်က ခုနကအခွက်မဟုတ်တဲ့အတိုင်း ချက်ချင်းပြောင်းသွားပြီး ထန်းညက်ရည်ဆမ်းထားတဲ့ မျက်နှာနဲ့ ဖြစ်နေသော ငဇွဲကို ကြည့်ပြီး ရီလဲရီချင် သနားလဲသနားမိသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now