𝐹𝑖𝑛𝑎𝑙 𝑃𝑎𝑟𝑡

3.3K 198 0
                                    

Unicode

After two years later(ကျော်မယ် ခွမယ်)

ကျွန်တော်တို့မိသားစုဘဝလေးက အရမ်းအေးချမ်းတယ် ကျွန်တော်တို့မှာ ကလေးတော့မရှိဘူး ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က မောင့်ရဲ့ကလေးလေးဖြစ်နေတော့ ကလေးမလိုတော့ပါဘူးလေ အစကတော့ ကလေးယူဖို့အတွက် ကြိုးစားကြည့်ခဲ့သေးတယ် ဒါပေမယ့် မောင်က အဲ့တာကိုလည်းသိသွားရော မင့်ကိုစိတ်ဆိုးပြီး ရန်တွေတောင်ဖြစ်ကြသေးတယ် မောင်က မင်တခုခုဖြစ်မှာစိုးရိမ်လို့ မလုပ်ခိုင်းတာပါတဲ့ မောင့်ဘဝမှာ မင်ရှိရင်ပြီးပြည့်စုံပြီတဲ့ မောင်ဟာ တကယ့်ချစ်တတ်သူကြီးပါ မင် မောင့်ကိုရတာကံကောင်းတယ်

အခုလည်း မနက်မိုးလင်းနေပြီ ညကတည်းက ကျွန်တော့်ကို သူ့ရဲ့လက်မောင်းပေါ်မှာ ခေါင်းအုံးအိပ်ခိုင်းထားတော့ သူ့လက်ထုံကျဉ်နေလောက်ပြီ ဒါပေမယ့် သူတချက်မညည်းဘူး

အခု သူမနိုးသေးဘူး ကျွန်တော်ကသာ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း တွေးနေတာ မောင်က တကယ့်ကိုလူချောလေးပါဗျာ

ကျွန်တော် သူ့မျက်နှာအစိတ်အပိုင်းလေးတွေကို ကြည့်နေတုန်း သူ့မျက်လုံးပွင့်လာတယ်

"ကလေးလေး နိုးနေတာကြာပြီလား"

၂နှစ်အတွင်း သူ့ရဲ့အကြီးမားဆုံးပြောင်းလဲမှုကြီးက ကျွန်တော့်ကို မင်လို့ခေါ်နေရာကနေ ကလေးလို့ပြောင်းခေါ်တာပဲ အရင်ကတော့ ရှက်ပေမယ့် အခုတော့ကျင့်သားရသွားပြီတဲ့လေ

"ဟုတ် မောင် ကြာပြီ"

"ဒီနေ့ မောင်တို့လက်ထပ်ပွဲတခုသွားစရာရှိတယ်နော်"

"အင်း ဟုတ်တယ် သူတို့နဲ့ မတွေ့ရတာတောင်ကြာပေါ့ ကျောင်းနေဖက်ကြီးတွေနဲ့ပြန်တွေ့ရတော့မယ် အဲ့တာဆို ကလေးရေသွားချိုးတော့မယ်နော် မောင်"

"ဟင့်အင်း မသွားနဲ့ဦး ကလေးကမေ့နေတာလား"

သူ့နှုတ်ခမ်းကြီးထော်ပေးလာတော့မှသတိရတယ် သူ့ကို morning kissပေးဖို့မေ့နေတာ အဲ့ဒီလူဆိုးကြီးက ဒီကလူ morning kissမပေးရင် သူတရက်လုံးအလုပ်လုပ်ရတာ အဆင်မပြေဘူးတဲ့လေ

မောင်Where stories live. Discover now