Unicode
မောင့်ကို လှည့်ဖြားတတ်သူလို့မဆိုချင် လျှို့ဝှက်တတ်သူဟုသာ ဆိုချင်သည်
_မောင်_
မောင်က ကျွန်တော့်ရဲ့ စာအုပ်ဆိုင်ကို နေ့တိုင်းလာတယ် လာတိုင်းလည်း ကျွန်တော့်ကို အမြဲတမ်းခိုးခိုးကြည့်တယ်လေ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော် မောင့်အပေါ်မှာ သံယောဇဉ်ရှိလာတယ်ထင်တယ် မောင်မလာတဲ့နေ့တွေဆို မောင့်ကိုမျှော်နေမိတယ် ဒါကို အချစ်ဟု ကျွန်တော်ခေါင်းစဉ်မတပ်လိုသေး နေ့တိုင်းတွေ့နေရတဲ့သူတယောက်ကို မမြင်ရ၍သာ ဖြစ်မည်ဟု စိတ်ထဲကတွေးလိုက်ပါသည်
"သား မင်ရေ ဟိုဘက်ဝိုင်းက ပိုက်ဆံရှင်းမလို့တဲ့ ဒေါ်လေးကို ကူပေးပါဦး သားရယ်"
"ဟုတ် ဒေါ်လေး သားသွားလိုက်မယ်"
ကျွန်တော်လည်းပိုက်ဆံရှင်းလာပြီးအပြန်မှာ မောင်အအေးခွက်တင်ထားတဲ့စားပွဲကို ကျွန်တော့်ခြေထောက်နဲ့တိုက်မိပြီး မောင်သဘောကျစွာ သောက်တတ်တဲ့ ထောပတ်သီးဖျော်ရည်ခွက်ကလေးဟာ မှောက်ကျသွားတယ်
"အားနာလိုက်တာဗျာ ကျွန်တော်အသစ်တခွက်သွားယူပေးပါ့မယ်"
အဲ့အချိန်က ကျွန်တော် သူ့ကိုခေါ်ခဲ့တဲ့နာမ်စားလေးတခု "Jeon"
"Jeon မင်အသစ်တခွက်ဖျော်လာပေးတယ် ဒီခွက်အတွက်ပိုက်ဆံပေးစရာမလိုပါဘူး ခုနကကိစ္စအတွက်လည်း မင်တောင်းပန်ပါတယ်နော်"
"ရပါတယ်ဗျာ ဒီလူနဲ့ဒီလူ အားနာနေရမယ့်လူတွေမှမဟုတ်တာ"
"ဟုတ် ကျွန်တော်သွားလိုက်ဦးမယ်နော်"
"ဟုတ်ပါပြီဗျာ"
နောက်တနေ့ရောက်တော့ ကျွန်တော်ဟာ မောင်မရောက်ခင်ကတည်းက သူသိပ်ကြိုက်လွန်းတဲ့ ထောပတ်သီးဖျော်ရည်ကို အသင့်ဖျော်ပြီး စောင့်နေလိုက်တယ် သူလည်းရောက်လာရော သူထိုင်နေကျဝိုင်းကို ဖျော်ရည်သွားပို့လိုက်တယ်
အဲ့ဒီအချိန်ကတည်းက သူ ကျွန်တော့်ကိုခေါ်နေခဲ့တဲ့နာမ်စားလေး "မင်"
"မင် ဒီထောပတ်သီးဖျော်ရည်က"
"မင်ကိုယ်တိုင် Jeonသောက်ဖို့ဖျော်ပေးထားတာ"
YOU ARE READING
မောင်
FanfictionJIKOOK 🐥🐰 စာရေးဆရာမလမင်းမိုမို၏ 'မောင်'ဝတ္ထုအား မှီငြမ်းရေးသားထားခြင်းဖြစ်ပါသည်