Unicode
မောင့်ကို လွမ်းရတဲ့စိတ်နဲ့ တညတညအိပ်စက်ရတာ ပင်ပန်းလွန်းလှပါပြီ မောင်ရယ်
_မောင်_ဒီနေ့ဟာ ကျွန်တော့်မွေးနေ့ ကျွန်တော် သူ့ကိုမပြောဖြစ်ခဲ့ဘူး ပြောဖို့လည်း အကြောင်းမတိုက်ဆိုင်ခဲ့ဘူးလေ သူမနက်ပိုင်းကို ပုံမှန်အတိုင်း အိမ်ကိုရောက်လာတယ်ထင်ပါရဲ့ သူရောက်လာကြောင်းကို ဆိုင်ဘေးကအိမ်မှာနေတဲ့ အမကြီးက ကျွန်တော့်ကို ပြန်ပြောပြလို့သိခဲ့ရတယ်
*မင်တို့လည်း မရှိပါလား ဘယ်သွားကြလဲမသိဘူး*
"ဟို အမကြီးခင်ဗျ ဒီဆိုင်က ဒီနေ့မဖွင့်ဘူးလားဗျ"
"ဖွင့်မှာ မောင်လေး ညနေလောက်မှ"
"အခုမနက်ကရော ဘာလို့မဖွင့်တာလဲ အမ"
"ဒီနေ့ ဂျီမင့်မွေးနေ့လေ အဲ့တာ သူတို့တူဝရီးနှစ်ယောက် ဘုရားသွားကြတယ်"
"ဪ ဟုတ် ကျေးဇူးပါ အမ"
သူကအဲ့လိုပဲမေးပြီးပြန်သွားတယ်တဲ့ ညနေ၄နာရီလောက်ကျတော့ သူကဆိုင်ကိုရောက်လာတယ်
"ဂျွန်တောင်ရောက်လာပြီပဲ မနက်ကလာသွားသေးတယ်ဆို ဟိုဘက်အိမ်ကအမကြီးပြောလို့သိပြီးပြီ"
"အင်း ဟုတ်တယ် ဒီနေ့ မင့်မွေးနေ့ဆိုတာ ကိုယ့်ကိုဘာလို့မပြောတာလဲ"
"မင်မပြောမိတာပါ အဲ့အကြောင်းကလည်း စကားမစပ်မိဘူးလေ"
"ကဲ ထားပါ ကိုယ်က မင့်ကိုမွေးနေ့လက်ဆောင်လေးပေးချင်တာ"
"အခု ပေးလို့ရတာပဲလေ"
"ခနလေး အေးဆေးစဉ်းစားပြီးမှပေးမယ်"
"ဟုတ်ပါပြီဗျာ"
"သားရေ မင် သားအတွက်ပါဆယ်လာတယ်"
"ဟုတ် ဒေါ်လေး သားလာပြီ ဘယ်သူများပါလိမ့်"
ပါဆယ်ဘူးကိုယူကြည့်တော့ ဘူးမှာရေးထားတာက
'ကိုယ့်ရဲ့Mochiလေး Happy Birthdayပါ
မှ Min Yoongi'တဲ့လေ
အဲ့တာကို မြင်ပြီးတော့ သူဖြစ်နေတဲ့မျက်နှာပုံစံကဘယ်လိုလေးလဲ မသိဘူး နှုတ်ခမ်းလေးကဆူဆူလေးနဲ့ ချစ်စရာလေးရယ် အယ် ငါအခုချစ်စရာလေးလို့ပြောလိုက်တာလား သူ့လိုmanly typeကိုလေ အား မသိဘူး မသိဘူး
YOU ARE READING
မောင်
FanfictionJIKOOK 🐥🐰 စာရေးဆရာမလမင်းမိုမို၏ 'မောင်'ဝတ္ထုအား မှီငြမ်းရေးသားထားခြင်းဖြစ်ပါသည်